Saturday, April 24, 2010
|
By Pho Nyan
မကြာသေးခင်ကာလကပဲ မုဆိုးအဖြစ်ကနေ သားကောင်ဖြစ်သွားရရှာတဲ့သူကတော့ ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan) က သမ္မတ ကာမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) ပဲဖြစ်ပါတယ်။ 2005-ခုနှစ်ကတည်းက ကီရစ်ကစ္စတန်နိုင်ငံကို သမ္မတအဖြစ်နဲ့ အုပ်ချုပ်လာခဲ့သူဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံတစ်ဝှန်းလုံးကပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ သမ္မတဖြစ်လာခဲ့တာဖြစ်ပေမယ့်လည်း 2007-ခုနှစ် အောက်တိုဘာလမှာ ပြည်သူဆန္ဒခံယူပွဲမှတစ်ဆင့် အတည်ပြုခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်ပုံအခြခံဥပဒေကတော့ အာဏာရှင်စနစ်နဲ့ ၄င်းဝါဒအတွက် ခြေလှမ်းသစ်ဖြစ်တယ်ဆိုပြီး နိုင်ငံရေးအတိုက်အခံများရဲ့ ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။
ရာထူးအာဏာကို ရယူထားတာကြာရင် ဖြစ်လေ့ ဖြစ်ထရှိတဲ့ အာဏာအလွဲသုံးစားမှုတို့ လာဘ်စားမှုတို့ ဆွေးမျိုးကောင်းစားရေးအတွက် လုပ်ဆောင်မှုတို့ အထူးသဖြင့် ရယူထားတဲ့ အာဏာကို ရာသက်ပန်ဆုပ်ကိုင်ထားလိုမှု စတာတွေက သမ္မတ ဘာကီယက်ဗ် မှာလည်း ကိန်းအောင်းလို့လာခဲ့ပါတယ်။ အဆိုပါသမ္မတရဲ့ မတရားတဲ့အပြုအမူတွေကြောင့် တိုင်းပြည်တွင်းမှာ မကျေနပ်မှုတွေ ဝေဖန်သံတွေ ကြီးထွားလို့ဖြစ်လာနေချိန်မှာပဲ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေ ဖြစ်လာချိန်မှာတော့ တိုင်းသူပြည်သားတို့ရဲ့ မကျေနပ်ချက်တွေက အထွပ်အထိတ်သို့ ရောက်ရှိလာခဲ့ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူအများ လမ်းမပေါ်တက်ပြီး ဆန္ဒပြလာသည်အထိဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၇-ရက် ဗုဒ္ဓဟူးနေ့မှာတော့ ပြင်းထန်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတို့အကြား ထိပ်တိုက်ရင်ဆိုင် တွေ့ကြရာမှ အနည်းဆုံး လူပေါင်း ၇၈ ဦးခန့် သေဆုံးခဲ့ကြရပြီး လူပေါင်း ၁၆၀၀ ကျော်ခန့် ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဆန္ဒပြသူတွေကို ထိန်းချုပ်လို့ မရနိုင်တော့မှန်းသိလာတဲ့ သမ္မတ ဘာကီယက်ဗ် တစ်ယောက် သူရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်လာပြီး သမ္မတ ရုံးစိုက်ရာ မြို့တော် ဘီရ်ကစ် (Bishkek) ကနေ တိတ်တစ်ဆိတ် ထွက် ပြေးတိမ်းးရှောင်နေခဲ့ရပါတော့တယ်။
အဲဒီအချိန်မှာပဲ ယခင်နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်းဖြစ် အတိုက်အခံခေါင်းဆောင်လည်းဖြစ်တဲ့ ရိုဇာ အိုတန်ဘာရေးဗာ (Roza Otunbayeva) က ကြားဖြတ်အစိုးရအဖြစ်ကြေငြာခဲ့ပါတယ်။ မြို့တော်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ သမ္မတက ဘယ်ချောင်ကြားကမှန်းမသိပဲ သူသာလျှင် ပြည်သူတွေကနေ ရွေးကောက်ခံထားရတဲ့ တရားဝင်သမ္မတဖြစ်ကြောင်း လေသံတွေပစ်ပြခဲ့ပါသေးတယ်။ တကယ်တော့ သူဟာ သူရဲ့ မွေးရပ်ဇာတိမြို့ဖြစ်တဲ့ ဂျလာလာဘတ်မြို့က သူရဲ့ ခေတ်မှီအိမ်ကြီးမှာ သူ့လုံခြုံရေး အစောင့်အကြပ်တွေရဲ့ အကူအညီနဲ့ ရောက်ရှိလို့နေခဲ့တာပါ။
သမ္မတရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ ဘာကီယက်ဗ်ဟာ သူသာလျှင် ပြည်သူတွေကနေ ရွေးကောက်ခံထားရတဲ့ တရားဝင်သမ္မတဖြစ်ကြောင်းထပ်ခါတလဲလဲ ပြောနေခဲ့ပေမယ့်လည်း တကယ်လို့ သူသာ သူ့ရဲ့ယခင်ရုံးစိုက်ရာမြို့တော်ကို ပြန်သွားခဲ့ရင် အသတ်ခံရနိုင်ကြောင်း အဲဒီအတွက် သူကြောက်ရွံ့ကြောင်း ပြောခဲ့ပါတယ်။ နောက်တစ်နေ့ ဂျလာလာဘတ်မြို့က သူရဲ့ မွေးရပ်မြေဖြစ်တဲ့ Teyit ရွာမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လက်ရှိကြားဖြတ်အစိုးရအနေနဲ့ သူနဲ့ သူမိသားစု သူ့ဆွေမျိုးတွေရဲ့ အသက်လုံခြုံေ၇းကို တာဝန်ယူ၇င် သူ့အနေနဲ့ လက်ရှိသမ္မတရာထူးကနေ နှုတ်ထွက်ပေးမှာဖြစ်ကြောင်း ပြောဆိုလာပါတယ်။
တစ်ချိန်က လူပုံအလည်မှာ ၀င့်ကြွားစွာနေခဲ့ပြီး စစ်တပ်နဲ့ လုံခြုံရေးတပ်တွေကို အမိန့်အာဏာတွေ အမျိုးမျိုးပေးကာ လူထုကို အုပ်ချုပ်လာနိုင်ခဲ့တဲ့ ဘာကီယက်ဗ် တစ်ယောက် အခုတော့ သူရဲ့လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် ထိပ်လန့်ကြောက်ရွံ့လို့နေ၇ရှာပါပြီ။
ဒီနေရာမှာ သမ္မတဘာကီယက်ဗ် သူရုံးစိုက်ရာမြို့တော်ကနေ ထွက်မပြေးခင်ကာလများအထိ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ပြန်ကြည့်လိုက်ပါက ယနေ့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေကြရတဲ့ စားဝတ်နေရေးပြဿနာတွေ အာဏာအလွဲသုံးစားလုပ်ခံရမှုတွေ ထိပ်ပိုင်းအာဏာရှင်ကြီးတွေရဲ့ ဆွေမြိုးကောင်းစားရေးလုပ်ဆောင်နေမှုတွေ စတဲ့ စတဲ့ အချက်တွေအပြင် ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲဆိုပြီး သူတို့ဖော်ဆောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို အတင်းအကြပ် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာတွေကအစ ထပ်တူဖြစ်နေတာတွေကို တွေ့မြင်နေကြရမှာပါ။
နိဂုံးချုပ်အနေအားဖြင့် တရားမမျှတသူ ကောက်ကျစ်တ်မာသူတွေရဲ့ သွားခဲ့ရာလမ်းကြောင်းတွေဟာ မသာယာ မဖြောင့်ဖြူးခဲ့ကြဘူးဆိုတာ အတိတ်ကဖြစ်ရပ်တွေက သက်သေပြလို့နေပါတယ်။ ကမ္ဘာလောကကြီးအတွင်းက ဖြစ်ပျက်နေတာတွေကို သိရှိ နားလည်သဘောပေါက်ပြီး ပြုပြင်ကြမယ်ဆိုရင် ယနေ့ကမ္ဘာလောကကြီးဟာ အမြဲသာယာလို့နေမှာပါ။ အတိတ်က လုပ်ရပ်အမှားတွေကို ကေင်းအောင်ပြုပြင်သွားရမယ့် သင်္ခန်းစာအဖြစ် မမှတ်ယူ မပြုပြင်ပဲ ဒဏ္ဍာရီတစ်ပုဒ်လို့သာ သဘောထားခဲ့ကြမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်း နောင်တစ်ချိန် သူများတွေေ၇းမယ့် ဒဏ္ဍာရီ မှတ်တမ်းတွေထဲမှာ အင်မတန်ပြောင်မြောက်တဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်လာအုံးမှာကတော့ မလွဲဧကန်အမှန်သာဖြစ်ပါတော့တယ်။
သခင်နွယ်
Tuesday, March 23, 2010
|
By Pho Nyan
လေဆိပ်ကားဂိတ်ရထားဂိတ်မှာ ယာယီကျောင်းအဖြစ်အခန်းလေးတွေ သီးသန့်သတ်မှတ်ထားလေ့ရှိပေမယ့် သူနိုင်ငံသူဓလေ့နဲ့တော့ ဟန်ချက်ညီလှတယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ သာသနာ့ဝန်ထမ်းများကို လူတို့နေထိုင်ရာ တိုက်ခန်းတို့၊အိမ်တို့မှာ ခရီးကြွရင်း ယာယီသီတင်းသုံးတာကိုကျတော့ ထိုင်းလူမျိုးတွေရဲ့အမြင်မှာ မကျေမလည်ဖြစ်နေကြလို့ပါ။ အမြဲလို တလခန့်၊နှစ်လခန့် တည်းခိုသီတင်းသုံးဖို့ဆိုတော့ ပိုဝေးပြန်ရော။
Monday, March 22, 2010
|
By Pho Nyan
အဖုထက်လေးများ ခရီးနှင်လာတာ လေးရက်မြောက်သို့ပင် ရှိလာပေါ့။ မောင်ဥာဏ်တို့လဲလူလုံးပျောက်ခါနီးရောက်ပြီး ပြန်လို့အသက်ဝင်လန်းဆန်းလာတာ သုံးနာရီခန့်ရှိလာပြီး ချိတ်ချိတ်တောက်ပူနေတဲ့ မဟာနေမင်းကြီးလဲ နှတ်ဆက်သရောင်သန်းခဲ့ပြီ။
Saturday, March 20, 2010
|
By Pho Nyan
ဘာသာတရားတွေရဲ့ယုံကြည်မှု၊အားထားမှု၊ကိုးကွယ်မှုတွေမှာ သတိထားစရာစံနမူနာယူစရာတွေတော့ အများကြီးပါဘဲ။ သူ့ဘာသာနဲ့သူ စိတ်ဝင်စားရာ၊အကြိုက်တွေ့ရာ၊ယုံကြည်ရာတွေနဲ့ နယ်ခံမြေခံဓလေ့များတိုင်း ရှင်သန်နေကြတာပေါ့။ နယ်နိမိတ်ခြားလာပြီဆိုတာနဲ့ ယုံကြည်မှုဓလေ့များကလဲ သိသိသာသာဆိုသလိုပြောင်းလာခဲ့တာကိုမြင်ရတွေ့ရပါတယ်။ တူနေတဲ့ ကိုးကွယ်မှုများကြားကပင် အံ့သြရလောက်အောင်ကို ထူးဆန်းတာတွေ့ရပါတယ်။
Friday, March 19, 2010
|
By Pho Nyan
နယ်နိမိတ်ခြားသည် နိုင်ငံမခြားပါ…….
စာရေးသူသည် စာဖတ်စာရေး ၀ါသနာပါသူတယောက်မဟုတ်ပါ။ မန္တလေးမှာစာသင်ချိန်က ဆရာတွေရဲ့စာအရေးသားကောင်းမွန်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပေးလေ့ရှိတဲ့ စာသင်ခန်းတွင်းလေ့ကျင့်ခန်းပြိုင်ပွဲများလောက်သာ ရေးသားခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းတော့ ကိုယ့်ကိုမယုံနိုင်လောက်အောင် လက်တည့်စမ်းလာတာကို သတိထားမိလာပါတယ်။ နယ်နိမိတ်စည်းတခုခြားလာတာနဲ့ မတူညီတာလေးတွေ၊ပြောင်းလဲလာတာလေးတွေကဘဲ တွန်းအားဖြစ်လာတယ်လို့ပြောရမယ်ထင်ပါတယ်။
Thursday, March 18, 2010
|
By Pho Nyan
လူတွေပြန်ဆုံလို့အားလုံးစုံသွားတော့ မောင်ဥာဏ်တို့ရှေ့ဆက်ပြီးဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ ကျောင်းသားဥက္ကဌဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက ဦးကောအခြေနေကိုလည်းကောင်းကောင်းသိသွားတော့ ဒို့ဒီတိုင်းနေလို့မဖြစ်တန်ရာဆိုကာ အချိန်ရတုန်း ရဲစခန်းကိုသွားကြအောင်လို့ဦးတည်ချက်ထားကာ ကားသမားကိုလှမ်းခေါ် ကြတော့သည်။ အခြေနေတွေကပြည့်စုံသွားပါပြီ။ ဘန်ကောက်ကလိုက်လာသောအဖွဲ့တွင် ထိုင်းစကားကောင်းကောင်း ပြောဆိုနိုင်သောသူ ပါလာတော့ ပြည့်စုံသည်ထက်ပြည့်စုံသွားတယ်လို့ပြောရပေမည်။
Monday, March 15, 2010
|
By Pho Nyan
မောင်ဥာဏ်တို့နှစ်ယောက်မျော်လေဝေးလေအနေထားတွေများရောက်နေကြပြီလားလို့အတွေးတွေကိုယ်စီနဲ့ စီးကရက်ကိုသာအားပြုလို့ ဆက်စောင့်ကြပါတယ်။ အချိန်တွေကတော့ အတော်ကိုလွန်နေပါပြီ။ အားနွဲ့နေသူ တွေမို့လားမသိ။ ဒီနေ့အတွက်နေ့တာပိုရှည်နေတယ်လို့တွက်မိလေရဲ့။
Saturday, March 13, 2010
|
By Pho Nyan
စာရေးသူမောင်ဥာဏ်တို့နှစ်ယောက်လဲ ဆေးရုံတွင်းမှာပျောက်သွားတဲ့ဦးကောကို ရေအိမ်ခန်းတွေပါမကျန်လိုက်လံရှာ ဖွေရင်း ဟိုဘက်ဒီဘက်ဒေါင်းချာရိုက်သွားခဲ့တယ်။ ဦးကောကား အထင်တော့ခွဲစိပ်ခန်းဝင်ရန် သယ်ဆောင်သွားဟန်ရှိပါ သည်။ နောက်ဆုံးမတွေ့တော့တဲ့အခြေနေဆိုတော့ မောင်ဥာဏ်တို့နှစ်ယောက် နေရာကအခြေမဲ့သွားပြသန်ပေါ့။ မထူးပါဘူး၊ စောစောက နေရာပန်းခြံတွင်းဘဲသွားကြမယ်လို့ဆုံးဖြတ်ပြီး ဆေးရုံတွင်းကပြန်ထွက်လျောက်လာခဲ့တယ်။ အပေါ်ပူ၊အောက် ပူနဲ့လောကဓံကိုတွန်းလှန်ရင်း ကွင်းပြင်ထဲတခါထပ်ဖြတ်သွားရပြန်ပါသည်။ ရှိစေတော့လေ။ မူလထိုင်နေတဲ့ခုံတန်းရှည်ကို ပြန်ရောက်တော့ လူတွေက ခုံပြည့်အောင်ရှိနှင့်နေပြီကော။
Friday, March 12, 2010
|
By Pho Nyan
တနေ့တာခရီးကိုဘယ်နည်းနဲ့ဖြတ်သန်းရမလဲရယ် စဉ်းစားနေချိန်မှာ မောင်ဥာဏ်အဖော်က သွားမယ်ကွာ ဟိုးရှေ့ပန်းခြံကို လို့ လက်ထိုးပြသည်။ အပြင်သို့ထွက်ခါနီးဆဲဆဲမှာဘဲ ဆေးရုံထဲမောင်ဥာဏ်တို့ အကြောင်းခြင်းရာကိုကောင်းကောင်းသိနေ တဲ့ဝန်ထမ်းတစ်ယောက်က လုံဖီး လို့ခေါ်လိုက်တာနဲ့ ရပ်လိုက်မိတယ်။
Thursday, March 11, 2010
|
By Pho Nyan
မြန်မာတို့ရဲ့ နှုတ်ဖျားမှာ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှု ရှုံးနိမ့်မှု၊ ကျော်ကြားမှု မကျော်ကြားမှု၊ ကြီးပွါးတိုးတက်မှု ဆုံးရှုံးမှု စတာတွေရဲ့အကြောင်းတရားဟာ ထိုသူနှင့်ဆက်စပ်နေတဲ့ ပြောဆိုသုံးနှုံးမှု အမည်တွေအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ ယုံကြည်မှုဖြစ်ပါတယ် ။ တစ်ခါတရံ ပါးစပ်ဖျားက
Thursday, March 11, 2010
|
By Pho Nyan
ကိုယ်ကြုံတဲ့ကိုယ့်ဇာတ်ခုံအကြောင်းတွေချည်း မမောနိုင်မပန်းနိုင်အန်ထုတ်ပြနေတော့ ကလစ်တချက်လွန်သွားမှဖတ်မိကြ တဲ့ I T ခေတ်လူစွမ်းကောင်းတွေလဲ ငြီးငွေ့ကောင်းငြီးငွေ့နေရော့လောက်ပါပြီ။ ခြောက်ပေနှတ်ခမ်းဝက ကျော်လွန်လာတဲ့ မောင်ဥာဏ်အတွက်တော့ ရေးဖို့ပြောပြဖို့တွေမကုန်နိုင်ဘဲရှိနေခဲ့တဲ့ မှတ်ကျောက်တခုမို့ ပရိသတ်တို့ငြီးငွေ့လဲ ယတိပြတ် တော့မရတန့်နိုင်သေးဘူးလေ။
Wednesday, March 10, 2010
|
By Pho Nyan
နာရီလက်တံလည်ပတ်နှုန်းတွေကို ငေးကြည့်၊တွေးကြည့်နေရင်း အချိန်တွေကား မိုးသောက်ချိန်သန်းလာပေါ့။ ဆေးရုံအတွင်းမှာတော့ ဖန်တီးတည်ထွင်ထားတဲ့ လျပ်စစ်အလင်းတန်းတွေကြောင့် နေ့ရယ်၊ညရယ်သတ်မှတ်နိုင်ဖို့တော့ သောကတွေပွေ့ဖက်နမ်းရှိုက်နေရသူအတွက် မလွယ်တာအမှန်ပါ။ နာရီတွေကစကားပြောလာမှသာ အံ့အားသင့်စရာဖြစ် တော့တယ်။ မောင်ဥာဏ်တို့ရွာမှာလို တနာရီတခါတီးနေတဲ့မီးသတ်ကင်းတဲက အချက်ပေးသံမျိုးလဲမရှိတော့ ညတွေကအ သက်မဲ့သရောင်ဖြစ်နေရော့ပေါ့။
Wednesday, March 10, 2010
|
By Pho Nyan
ဗုဒ္ဓပြောတဲ့ အာဇာနည် .....
အာဏာရမက်ငန်းငန်းတက်သူ မသမာသူ လူတစ်စုရဲ့လက်ချက်ကြောင့် ဗိုလ်ချု့ပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြရတာ ယခုဆိုလျှင် နှစ်ပေါင်း ၆၂-နှစ်သို့ပင် ရောက်ရှိလို့လာခဲ့ပါပြီ။ ကိုယ့်အသက်စည်းစိမ်ဥစ္စာကို ပဓာနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် တိုင်းတစ်ပါးရဲ့ ကျွန်ပြုမှုအောက်ကနေ လွတ်မြောက်အောင် ကြီုးစားခဲ့ရုံမျှမက ပြည်ထောင်စုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ရရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ကြည်ညိုမှု လေးစားတန်ဖိုးထားမှု အားကိုးမှု စတာတွေကိုလည်း ၇ရှိခဲ့ကြသူတွေပါ။
Wednesday, March 10, 2010
|
By Pho Nyan
သမီးလေးရေ -
သမီးလေးရေ ------- သမီး မေမေရဲ့ ကြင်နာမှု၊ ယုယပိုက်ထွေးမှု၊ သင်ကြားပြသမှုတွေကမှတဆင့် အမေဆိုတဲ့ အသိစိတ် ၊ အသိမှတ်ပြုမှုတွေနဲ့ မ, မမ်မ, မမ် , အန်မ, အမေ ရယ်လို့ သမီးလေးရဲ့ အသက်အရွယ်အလိုက် ခေါ်ဝေါ်သုံးစွဲမှု ဆင့်ကဲဖြစ်စဉ်လေးတွေနဲ့ ခေါ်ဝေါ်ပြီးသုံးစွဲလာခဲ့ရတဲ့ သမီးလေးရဲ့ မေမေ----၊ တခါတစ်ရံမှာ သမီးလေး တစ်ခုခု အလိုမကျလို့ပဲဖြစ်ဖြစ် ဗိုက်ဆာလို့ပဲဖြစ်ဖြစ် ငိုတဲ့အခါတိုင်းမှာ
Wednesday, March 10, 2010
|
By Pho Nyan
မောင်ဥာဏ်တို့ ဆဲဗင်းဆိုင်ကနေ အရေးပေါ်ကားပြောင်းပြီး မဟာလပ်ဆေးရုံ(nakornratchsima)သို့ ထွက်လာခဲ့သည်မှာ ကီလိုမိတာသုံးဆယ်ကျော်လောက် ရှိလာပေါ့။ ကားပေါ်တွင် သဲသဲမဲမဲလူနာဆိုလို့ ဦးကော တစ်ယောက်သာပါသည်။ ဦးကောလဲ အခြေနေကဘာဆိုတာ ကောင်းကောင်းပင် သိဟန်မတူ။ မျက်စိဖွင့်ကြည့်နေတဲ့ ဦးကော အခြေနေက မိမိတို့နဲ့အတူ ပြန်လည်ဆုံလိုက်ပြီဆိုတော့ အားရှိလာသည့် သဘောဆောင်နေသည်။ မောင်ဥာဏ်တို့ကတော့ ဦးကောနဲ့ပြန်ဆုံလိုက်ချိန်မှာ အတော်ကိုပျော်ခဲ့ရပါတယ်။
Tuesday, March 09, 2010
|
By Pho Nyan
အဖုထစ်လေးတွေက ပိုပိုကြီးထွားလာတာကို မောင်ဥာဏ်တယောက်ကောင်းကောင်းသိနေပါပြီ။ မောင်ဥာဏ်တို့သူငယ်ချင်းနှစ်ယောက်လည်း သွေးအနည်းငယ်အေးလာပြီပေါ့။ သွေးအေးအေးနဲ့ မြင်းတစ်ကောင်ပျောက်၊နောက်မြင်းတကောင်ပြန်ရတော့ တစ်ကောင်အပိုပါလာလို့ကံကောင်းတယ် ဆိုတာလို ကံကောင်းတဲ့အကြောင်းတွေပြောနေရင်းက ဆေးရုံရှေ့ကားရပ်ကွင်းလေးသို့ ကားမီးထိုးလာ သည်ကိုသတိထားမိလိုက်သည်။
Tuesday, March 09, 2010
|
By Pho Nyan
လက်ထဲက ဆိုနီဖုန်းလေး ရုတ်တရက်လွင့်စင်သွားပြီးနောက်ပိုင်း မောင်ဥာဏ်တယောက်ပြန်လည် သတိဝင်လာချိန်မှာတော့ ခါးဝတ်အောက်ပိုင်းတထည်သာ ကိုယ်မှာကျန်နေတာကို အရင်သတိထားမိတယ်။ စူးရှတဲ့ အော်ငိုသံတခုလဲ နားထဲကိုထိထိမိမိထိတ်လန့်ဖွယ်ရာ ထိုးဝင်လာခဲ့သည်။ မောင်ဥာဏ်လဲ ဘာ ကြောင့်မှန်းကို မသိသေး၊လည်ပင်းနားက စိုစွပ်စွပ်ဖြစ်နေတာကိုသတိထားလိုက်ချိန်မှာ လက်နဲ့ပွတ် ကြည့်လိုက်သည်။
Monday, March 08, 2010
|
By Pho Nyan
မောင်ဥာဏ်တို့သုံးယောက် လမ်းမှာဈေးဝယ်နေသူမြင်တိုင်း ဘန်ကောက်လား မေးမေးပြီးရပ်လေ့ရှိတဲ့ နောင်ခိုင် ဘန်ကောက် အဲယားဘစ်စကားကြီး ခရီးနှင်လာတာကား လေးဆယ့်ငါးမီးနစ်ခန့်ပင်ရှိလာချေပြီ။
ရွာမှာရှိတဲ့ကားဂိတ်၊မြို့တိုင်းမှာရှိတဲ့ကားဂိတ်၊လမ်းမှာလူစုစုတွေ့တိုင်းရပ်လေ့ရှိတဲ့ ဘစ်စကားကြီးဆိုတော့ အဖုထစ်တွေက စိတ်ညစ်လောက်အောင်ကို များလွန်းနေပါပြီ။ စိတ်ညစ်သော်လည်း ဘန်ကောက်တော့ အချိန်ကောင်းရောက်လိမ့်မယ်ဆိုတဲ့မျော်လင့်ချက်က
Monday, March 08, 2010
|
By Pho Nyan
စာရေးသူ မောင်ဖိုးဥာဏ်တို့ သုံးယောက် လာအိုနိုင်ငံသို့ အဆင်ပြေစွာနဲ့ ဘဲ ရောက်လာခဲ့ကြပါတယ်။ ရောက်လာချိန်ကလဲ တကယ့်ကို အချိန်ကောင်းဆိုတော့ သိပ်ပျော်ရွင်နေကြတာပေါ့။ မနက် ၉ နာရီအချိန်ဆိုတော့ အချိန်ကောင်းပေါ့၊ စာရေးသူတို့ အနေဖြင့် လာအိုနိုင်ငံရှိ ထိုင်းသံရုံးကို ဗီဇာတင်နိုင်ရေးသည်သာ ပဓာနဖြစ်လေသည်။ ဒါကြောင့်လဲ ဗီဇာတင်ဖို့ အချိန်ရလာရင် အချိန်သည် အကောင်းဆုံးဖြစ်လေမည်မှာ မလွဲပေ။
Sunday, March 07, 2010
|
By Pho Nyan
စာရေးသူ ပို့ အသစ်ဆက်ပြီးတင်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အတွေးများနဲ့ ပတ်သက်လို့ ဆက်လက်ဖော်ပြဖို့ လဲ ရေးသားခဲ့ပြီးဖြစ်ပါသည်။ အခုတော့ အတွေးများထက် အဖုထစ်များက ပိုပြီးမြန်စွာ ဘ၀ကိုထိုးနှစ်လာတာမို့ ကြုံလိုက်ရတဲ့အဖုထစ်များ ကို အရင်စုစည်းမှတ်တမ်းတင်ပြလိုက်ပါတယ်။ အဖုထစ်ဆို့လို့ ဟိုတလောကတင်ပြထားတဲ့အစည်းဝေးမှာလို့ တော့မထင်လိုက်ကြပါနဲ့ ။