အဖုထစ်လေးများ အပိုင်း(၁၂)


လူတွေပြန်ဆုံလို့အားလုံးစုံသွားတော့ မောင်ဥာဏ်တို့ရှေ့ဆက်ပြီးဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ ကျောင်းသားဥက္ကဌဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက ဦးကောအခြေနေကိုလည်းကောင်းကောင်းသိသွားတော့ ဒို့ဒီတိုင်းနေလို့မဖြစ်တန်ရာဆိုကာ အချိန်ရတုန်း ရဲစခန်းကိုသွားကြအောင်လို့ဦးတည်ချက်ထားကာ ကားသမားကိုလှမ်းခေါ် ကြတော့သည်။ အခြေနေတွေကပြည့်စုံသွားပါပြီ။ ဘန်ကောက်ကလိုက်လာသောအဖွဲ့တွင် ထိုင်းစကားကောင်းကောင်း ပြောဆိုနိုင်သောသူ ပါလာတော့ ပြည့်စုံသည်ထက်ပြည့်စုံသွားတယ်လို့ပြောရပေမည်။

နေ့လည်ခင်းပင်အတော်အချိန်လင့်နေရောပေါ့။ ကားသမားရောက်လာသည်နဲ့ကဲသွားကြရအောင် ဟု ခေါင်းဆောင်ဆရာ တော်က စကားစလိုက်သည်နဲ့ အားလုံးအဆင်သင့်လိုကားပေါ်တက်ပြီး စခန်းသို့သွားကြတော့တယ်။ ဆေးရုံနဲ့ ရဲစခန်းကား ကီလိုမီတာ လေးဆယ်ဝန်းကျင်မောင်းနှင်ရသည်။ ကားသမား၏ လမ်းသဘောကျွမ်းကျင်မှု့ကြောင့်သိပ်မကြာလိုက်ပါ။ စခန်း သို့ရောက်တယ်ဆိုလျင်ဘဲ အားလုံးစခန်းမှူးရုံးအတွင်းသို့ဝင်လိုက်ကြသည်။ မောင်ဥာဏ်တို့ကတော့ စခန်းမှူးနဲ့ခပ် လှမ်းလှမ်းမှာနေရာယူလိုက်ကြတယ်။ စကားတတ်တဲ့ ဆရာတော်များကတော့ စခန်းမှူးရဲ့အနီးမှာကပ်ထိုင်းပြီး ဖြစ်ကြောင်း စုံလင်ကို ပြောပြရတော့သည်။ တဆက်တည်းမှာဆိုသလို မြန်မာတပါးကတော့ ဆေးရုံတွင်ရက်ရှည်ကုသခံယူဖို့ အခြေနေ မှာ ရှိနေကြောင်း။ နှစ်ပါးကတော့ သိပ်ဆိုးဝါးတဲ့လက္ခဏာမဖြစ်ကြောင်း တင်ပြပြောဆိုလိုက်သည်။

ဆေးရုံဆေးခန်းနဲ့ပတ်သက်လို့ ကားပိုင်ရှင်တွေများအနေနဲ့ဘယ်အတိုင်းတာ ဘယ်လိုဆောင်ရွက်တိုင်းတာထားကြောင်း မေးမြန်းရာ စခန်းမှူး၏အဖြေပြောစကားကြောင့် မောင်ဥာဏ်တို့တသိုက်တယောက်မျက်နှာတယောက်ငေးလိုက်ရတဲ့ အခြေနေရောက်သွားသည်။ ကားအနေနဲ့ခရီးသည်အားလုံးရဲ့ ဆေးဝါးကုန်ကျစရိတ်အားလုံးကို တာဝန်ယူကြောင်းပြောလာ ရာတွင် မြန်မာရဟန်းတော် သုံးပါး စာရင်းမပါကြောင်း စခန်းမှူးကပြောဆိုလိုက်ခြင်းကြောင့် မောင်ဥာဏ်ပင်မျက်လုံးပြူးရင်း အင်း ဗမာနဲ့ထိုင်းဆိုတဲ့ ဇာတိတော့ပြပြီထင်တယ်လို့ အတိက်ကအရိပ်တွေကို အောင်းမေ့လိုက်ရသေး။ စခန်းမှူးကတော့ ကားကပေးထားတဲ့လူနာစာရင်းအတိုင်းပြောဆိုခြင်းဖြစ်သည်မှာမလွဲပါ။ ဒီအခြေနေတိုင်းဆိုရင်တော့ အဖုထစ်တွေက ထပ်တိုးလာပြန်ပေါ့။ မောင်ဥာဏ်တို့အဖွဲ့လဲ ဒီတိုင်းတော့ဘယ်ရမလဲ။ ကဲ အမှုဖွင့်လိုက်မယ်ဆိုပြီး ဆက်ပြောကြရတော့တာ ပေါ့။ ရောက်လာတဲ့သဘောက စောစောတည်းအမှုဖွင့်ဖို့ပါဘဲ။ ဒါပေမယ့် စခန်းမှူးပြောလာသောစကားကြောင့် ပိုလို့အား ကောင်းသွားတာပေါ့။

မောင်ဥာဏ်တို့ဘွဲ့တွေ၊စာအုပ်နံပါတ်တွေကိုစခန်းမှူးက ဓါတ်ပုံရိုက်၊စားရင်းယူ စတင်ပါတော့သည်။ ကားသမားနဲ့ကုမ္ပဏီကို တင်ပြမှာဖြစ်ကြောင်းပြောသည်။ မောင်ဥာဏ်တို့အဖွဲ့လဲ ကားကုမ္ပဏီနဲ့တွေ့လိုကြောင်းဆက်ပြောလိုက်တော့ တွေ့ရမယ်ဖြစ် ကြောင်းစခန်းမှူးကပြောသည်။ ဆေးရုံမှာကုသမှုခံယူနေတဲ့ ဦးကောအခြေနေများကိုလဲ စခန်းမှုးက တဆက်တည်းပင် မေးပါတယ်။ ပထမအဆင့်ပြီးသွားတော့ ဒုတိယအခြေနေနဲ့ မောင်ဥာဏ်တို့ဘက်က ပြောက်ဆုံးနေတဲ့ အသုံးဆောင်၊ပါစ်ပို့၊ အကြောင်းတွေဆက်ရတော့သည်။ ပါစ်ပို့သည်အရေးပါသောအကြောင်း တဖွတဖွပြောရတော့သည်။ စခန်းက ကောက်ယူ သိမ်းထားသည်မှာ လွယ်အိပ်တလုံးသာရှိနေကြောင်း၊ စခန်းကတာဝန်ရှိသူတွေရောက်သွားချိန်မှာ အခြားဘာကိုမှမတွေ့ရ တော့ကြောင်း တုန့်ပြန်ပြောဆိုလာသည်။
မောင်ဥာဏ်တို့အမှန်တကယ်ပြောက်ဆုံးနေသည်မှာ လွယ်အိပ်နှစ်လုံးဖြစ်ကြောင်းပြောဆိုရာ စခန်းကသိမ်းဆည်းထားပေး သော လွယ်အိပ်နဲ့ပတ်သက်လို့ ဒေါင့်စိအောင်ကိုစစ်ဆေးနေတော့သည်။ အတွင်းထဲမှာ ပါစ်ပို့စာအုပ်၊ဖုန်းတလုံး၊ငွေသား၊ပါတာရယ်။ နောက်တအိပ်က ဖုန်းတလုံး၊ကင်မရာ၊ဖုန်း၊ပါစ်ပို့စာအုပ်၊ငွေသား စသည်ဖြင့် ခရေစေ့ကွင်းကျ ပြောခိုင်းတော့သည်။ အားလုံးကိုပြောဆိုနိုင်တော့ ခိုင်လုံသည်ဖြစ်သဖြင့်အခန်းတွင်းလွယ်အိပ်ကိုဆွဲထုပ် ယူလာတော့သည်။ ယူလာသောလွယ်အိပ်မှာ ဆေးရုံက ဦးကော လွယ်အိပ်ဖြစ်နေသည်။ စခန်းမှူးအနေဖြင့် မှတ်တမ်းထား လို့ပြိးဆုံးချိန်ဘယ်သူ့ကို အပ်လိုက်ရမယ်ဆိုတာမေးလာတော့ ဦးကော သူငယ်ချင်းကိုပင်လက်ညိုးထိုးပြရတော့သည်။ တကယ်တော့ သူ့မှာပါစ်ပို့ပြောက်ဆုံးနေတယ်ဆိုပြန်ရော။ ဒီလိုနဲ့ပင်မောင်ဥာဏ်ကို သက်သေခံအဖြစ်ပူးတွဲရတော့ တယ်။ မောင်ဥာဏ်တယောက်လဲ ပြောက်ဆုံးလက်ခံဖို့ ဓါတ်ပုံတွေနဲ့ တကျော့ထပ်မိတ်ဆက်လို့ ရှု့တင်ဝင်ရပြန်ရောလေ။

အတိုင်းတာတခုထိပြီးဆုံးသွားချိန်မှာတော့ ကျောင်းသားအဖွဲ့အနေဖြင့် ပြောက်ဆုံးနေသောနောက်အိပ်တလုံးတွင်းက ပါစ် ပို့စာအုပ်ကိုစခန်းမှူးအနေဖြင့် ပြောက်ဆုံးမှန်ကန်ကြောင်း အာမခံချက်ရေးပေးရန်တောင်းဆိုရပြန်တော့သည်။ ကင်မရာ တွေဖုန်းတွေကို ခေါင်းထဲမှာမထားနိုင်တော့ စာအုပ်ကိုသာပဓာနအတိုင်းတာဖြင့် ပြောဆိုရတော့သည်။ စခန်းမှူးလဲ အရင် တည်းကပုံစံရှိဟန်တူပါတယ်။ ရေးသင့်တဲ့အချက်လက်များကိုခဏတွင်းရေးပြီးတော့ ဘေးမှာအသင့်ဆောင်ထားတဲ့ပရင့် စက်နဲ့တပါတည်းထုပ်ပေးလိုက်ပါသည်။ တတိယအဆင့် မိမိတို့အနေဖြင့် ကားမှောက်သည့်နေရာတွင် ကိုယ်တိုင် သွားရောက်ရှာဖွေလိုကြောင်း၊ သို့အတွက် ကားမှောက်သည့်နေရာနဲ့ကားကိုပါညွန်ပြပေးစေလိုကြောင်းစခန်းမှူးကို ပြောရ ပြန်တော့သည်။ စခန်းမှူးကလဲ ရှိကောင်းရှိနိုင်ကြောင်း၊ကားမှောက်သည့်နေရာမှာ မြက်ပင်တွေထူထပ်သောလယ်ကွင်းနေ ရာဖြစ်ကြောင်း၊ ရှာဖွေတွေ့ခဲ့သော် ပြန်လည်အကြောင်းကြားစေလိုကြောင်းပြောရင်း အခင်းဖြစ်ပွားရာနေရာသို့ တပါးတည်း ညွန်လိုက်တော့သည်။ ကားကြီးကတော့ နေရာမှာမရှိတော့ကြောင်း၊မလှမ်းမကမ်းက နေရာမှာ သယ်ဆောင်လာပြီးပြီဖြစ် ကြောင်း မှာပြောပြောလိုက်သည်။

မောင်ဥာဏ်တို့အဖွဲ့လဲစခန်းမှူးကိုကျေးဇူးတင်စကားပြောရင်း နှတ်ဆက်ထွက်ကာ အသင့်ရပ်ဆိုင်းထားတဲ့တောင်းအစ်ကား လေးပေါ်သို့တက်လိုက်ကြသည်။ ကားပေါ်ကဆင်းမလာဘဲ စောင့်နေကြတဲ့ မညိုနဲ့မသန္တာတို့ကပင် နောက်ပြော ပြောလိုက်သေးတယ်ပေါ့။ ဘယ်ရမလဲ စခန်းတွင်းရောက်တုန်းအမြတ်တော်ထုပ်လိုက်ရသေးတယ်။ စခန်းမှူးအခန်းဘေးက ရေအေးစက်မှာ ရေတွေအများကြီး ထည့်ထားလိုက်တယ်ဆိုဘဲ။ သောက်နိုင်ပါပြီပေါ့လေ။ အရမ်းပူနေတဲ့အချိန်ဆိုတော့ ရေဘူးက၀ယ်လို့ကို မလောက်နိုင်သည့်အခြေနေမျိုးပေါ့လေ။ ကောင်းတာပေါ့လို့ ရယ်လိုက်ရတယ်။ အခြေနေအရပ်ကို ပြောဆိုရင်း ကားမှောက်သည့်နေရာသို့တဆင့်ထပ်သွားကြရပြန်သည်။

စခန်းကနေ ဆယ့်ငါးမီးနစ်သာသာခန့်မောင်းလိုက်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အဝေးပြေးကားလမ်းမကြီးနဘေးကို ရောက်သွားတော့သည်။ နေ့လည်ပိုင်းဆိုတော့ ကားတွေကလဲ မိုင်ကုန်တင်မောင်းနှင်နေတာ လမ်းဘေးပင်ကောင်းကောင်း မရပ်ရဲလောက်အောင်ကို အခြေနေပါဘဲ။ ကားရှိန်ကြောင့်လေတွေပင် ဟတ်ဟတ်သွားတယ်။ တွေးကြည့်လေ ညက မှောက်လိုက်တဲ့ ကားအရှိန်ကိုသတိရရင်း ရင်တွေပင်ထိတ်ထိတ်လာရပေါ့။ ကံသီပေလို့သာ လူ့ဌာနကြီးကို မျက်ကွယ်ပြုမ သွားရတယ်။ စခန်းမှူးပြောသလိုပါဘဲ။ လယ်ကွင်းပြင်မှာ မြက်တွေကို ထူထပ်နေပေါ့။ ကားဆင်းသွားတဲ့လမ်းကြောင်းက လဲ တော်တော်လေးကို ရှည်ပါတယ်။ ဘေးနံနှစ်ဖက်မှာလဲ ဧရာမဓါတ်တိုင်ကြီးတွေနဲ့ပေါ့။ ဓါတ်တိုင်းကြီးများကိုသာ ထိပ် တိုက်မိတ်ဆက်လိုက်လို့ကတော့ ဒီစာရေးဖြစ်တော့မှာ မဟုတ်ဖူးပေါ့။ အဖွဲ့ဥက္ကဌဆရာတော်က အဆိုးထဲကအကောင်းဘဲ ဗျာ။ မောင်ရင် အရမ်းကံကောင်းပါတယ်လို့ ကားဖြစ်တဲ့နေရာအခြေနေကိုကြည့်ကြည့်ပြောနေတော့တယ်။ မောင်ဥာဏ်တို့ ဒီနေရာကိုရောက်လာကြတာက ပါစ်ပို့စာအုပ်တွေ့ကောင်းတွေ့လိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆိုတော့ အားလုံးဘဲ ကြေမွနေ တဲ့မြက်ပင်တွေကြားကို လိုက်လံရှာဖွေ၊မွေနှောက်နေကြသည်။

ခပ်လှမ်းလှမ်းက ထိုင်းလူမျိုး အသက်ရွယ်ငါးဆယ်ခန့်တယောက်လာနေတာကိုတော့ အားလုံးသတိထားမိကြတယ်။ အဖွဲ့ထဲက ဦးဇင်းဇောက ထိုင်းစကားတတ်သူဆိုတော့ သူကဘဲလာတဲ့လူကို ဒီနေရာသို့ရောက်လာခြင်းအကြောင်း  ဖောက် သည်ချမိတ်ဆက်နေတော့သည်။ လက်ခုပ်တဗြောင်းဗြောင်းတီးရင်း မြက်တောတွင်းနင်းရှာဖွေနေကြသူတွေကို လှမ်းအော် နေတာတော့မောင်ဥာဏ်လဲ သိလိုက်သည်။ တဆက်တည်းကြားလိုက်ရတာကတော့ ရှာမနေကြနဲ့တော့။ ဒီဒကာတော်က သူ့တွေ့လိုက်ကြောင်း၊မှောက်တဲ့ကားကိုလာသယ်ယူစဉ်က ကားပေါ်သို့တင်ပေးလိုက်ကြောင်း၊လွယ်အိပ်တွင်းမှာ စာအုပ်အ နီရောင်လေး တကယ်ပါကြောင်း ပြောနေတော့သည်။ အားလုံးဘဲ အပြုံးကိုယ်စီနဲ့ လမ်းပေါ်သို့တက်လာကြရတော့သည်။ ကားမှောက်ချိန်က လွင့်စင်သွားသော အပေါ်ရုံဧကသီသင်္ကန်းကတော့ လမ်းဘေးဇရပ်ဘောင်မှာ လေတလွင့်လွင့်နဲပါ့။

ဒီအသက်ငါးဆယ်အရွယ်ထံကဘဲ ကားထားတဲ့နေရာဖုန်းတွေမေးပြီး တရပ်စပ်စုံစမ်းရတော့သည်။ တကယ်ကိုပျော်နေကြရ တော့တယ်။ ကျန်တာတွေကိုတော့ အလေးမထားနိုင်ပါ။ စာအုပ်သည်သာ ပဓာနဖြစ်သည်ကို တယောက်တမျိုးပြောဆိုကြ ရင်း လိုင်းကားထားတဲ့နေရာသို့ ပြန်လည်မောင်းနှင်ရတော့သည်။ မှတ်တမ်းဓါတ်ပုံရိုက်ဖြစ်ခဲ့တာလေးတွေကိုလဲ ကားပေါ် မှာ ပြန်ပြောင်းဖွင့်ကြည့်ရင်း အပူတွေတစတစငြိမ်းလာတော့ ဗိုက်တွေပင်ပြန်ဆာသရောင်ဖြစ်လာပေါ့။ ကားမောင်းနေစဉ် မှာဘဲ လမ်းဘေးဈေးဆိုင်က စိမ်းစားဥ ဖွေးဖွေးတွေကို ခဏကားရပ်ပြီး အချို၊အပေါ့မည်းလိုက်ကြသေး။

ဆယ်မီးနစ်ခန့်ကြာသော် ညက လမ်းဘေးသို့အမှတ်မဲ့ဆင်းသွားသောကားပျက်တစီး၏သုဿာန်နေရာသို့ ရောက်သွားတော့သည်။ ထိုင်းလူမျိုး ဒကာတော်ပြောလိုက်သည့်အတိုင်း လိုက်လံရှာဖွေတော့ ဟုတ်ပါတယ်။ တင်လိုက်သည့် ခုံပေါ်မှာပင် ရှိနေပါတော့တယ်။ အိပ်တွင်းက ကင်မရာ၊ဖုန်း၊ငွေသားတို့တော့ မြင်ခွင့်မရတော့ပါ။ ပိုင်ရှင် ကိုယ်တိုင်ကပင် မတွေ့လဲဘာမှမဖြစ်ဘူး။ စာအုပ်ပြန်ရတာဘဲ ကျေးဇူးတင်လို့မဆုံးဘူး။ သူ့ကိုငွေ သုံးရာပေးခဲ့တာပင် နည်းသရောင် ပြောနေတော့သည်။ ဒီစာအုပ်သာမတွေ့ရင် ဒီငွေထက်အဆပေါင်းများစွာ ကုန်ကျမှာသေချာတယ်လို့ လမ်း ညွန်လိုက်သောဒကာတော်ကို ကျေးဇူးစကားပြောနေတော့သည်။

မောင်ဥာဏ်တို့လဲ အမှတ်တရဓါတ်ပုံလေးတွေရိုက်ပြီး စခန်းကို လွယ်အိပ်ပြန်တွေ့ကြောင်း ဖုန်းဆက်ကြတော့သည်။ ဖုန်းဆက်လို့ပြီးတာနဲ့ဘဲ စခန်းရှိရာသို့ ပြန်လည်ကာ ကားခေါင်းလှည့်လို့မောင်းနှင်လာလိုက်ကြတော့သည်။ အဖုထစ်လေး များက ပြောက်သွားလိုက်၊ပေါ်လာလိုက်နဲ့ လုံးလုံးကင်းစင်သွားပြီလို့ကား ပြောဖို့တော့မဖြစ်နိုင်သေးပါ။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်