အဖုထစ်လေးများ အပိုင်း(၁)

စာရေးသူ ပို့ အသစ်ဆက်ပြီးတင်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အတွေးများနဲ့ ပတ်သက်လို့ ဆက်လက်ဖော်ပြဖို့ လဲ ရေးသားခဲ့ပြီးဖြစ်ပါသည်။ အခုတော့ အတွေးများထက် အဖုထစ်များက ပိုပြီးမြန်စွာ ဘ၀ကိုထိုးနှစ်လာတာမို့ ကြုံလိုက်ရတဲ့အဖုထစ်များ ကို အရင်စုစည်းမှတ်တမ်းတင်ပြလိုက်ပါတယ်။ အဖုထစ်ဆို့လို့ ဟိုတလောကတင်ပြထားတဲ့အစည်းဝေးမှာလို့ တော့မထင်လိုက်ကြပါနဲ့ ။
အတွေးများအထင်များဆောင်းပါးကိုရေးပြီး နောက်တရက်မှာဘဲ စာရေးသူ၏ အရေးပါဆုံး၊ ကျေးဇူးအရှိဆုံး၊ဘ၀မှာမျက်စိဖွင့်ပေးခဲ့တဲ့ ဆရာသမားက အနားကိုရောက်လာရင်းစကားစမြည် ပြောဖြစ်ကြပါတယ်။ သူက စကားစမြည်ပြောနေရင်းဘဲ အေး ဝေဒ ရေ အခြားကျောင်းသားတွေကလဲ စာမေးပွဲတွေနီးနေလို့ အခက်ဖြစ်နေတယ်။ ဝေဒ လာအိုနိုင်ငံသို့ ဗီဇာသက်တမ်းအတွက် အဖော်လိုက်ပေးနိုင်မလားပေါ့။ စာရေးသူကို အရင်းနှိးဆုံး မိတ်ဆွေသဘောဖြင့် ဝေဒ ဟု အမည်ပြောင်ဖြင့်ခေါ်ဝေါ်လေ့ရှိပါသည်။ သူ့ စကားအဆုံးမှာ ဘဲ စာရေးသူလဲ အေးဆေးပါ။ သွားပေးလို့ ဖြစ်ပါတယ် ဟု ယတိပြတ် ၀န်ခံလိုက်ပါသည်။ ပြီးတော့ ဆရာက လိုက်ပို့ ရမည့်သူတွေက ဘယ်ကဘယ်လို ရှေ့အကြောင်းနောက်အကြောင်းဆက်နွယ်မှု့ တွေကို ဆက်လက်ရှင်းပြပေးပါသည်။ စာရေးသူကတော့ သွားဖို့ ယတိပြတ်ပြောပြီး လမ်းခရိးကုန်ကျမယ့်စရိတ်အတိုင်းတာတော့ ကိုယ်ကမရှိဘူးလို့ ပြောရင်း နောက်ဆုံး မနက်ဖန်လ၀ကရုံးကို သွားမယ့်စရိတ်ကစလို့ ပြောဖြစ်လိုက်ပါသည်။ ဆရာကလဲ အားလုံးနားလည်ပြီးသားမို့ အေးဆေးပါ လို့ သာရဲရင့်ပြတ်သားစွာ တုန့် ပြန်လာပါသည်။ မှန်ပါသည်။ စာရေးသူဘက်လွယ်လွယ်ဘဲ သွားပေးနိုင်သလို ဆရာဘက်ကလဲ ပြောဖွယ်ရာတခုမှ မရှိပါ။ စာရေးသူ သွားနိုင်ရခြင်းအကြောင်းကလဲ များသောအားဖြင့် စာအုပ်ကိုင်ဆောင်သူတိုင်း ဒီအခက်ခဲကို မလွဲမသွေရင်ဆိုင်ကြရပါသည်။ စတေးနေထိုင်ခွင့် ကုန်ဆုံးလာရင် ဒီလိုဘဲ တနည်းတဖုံနဲ့ လှုပ်ရှားကြရပါသည်။ စာရေးသူကိုယ်တိုင်ပင် ဒီတခေါက်နဲ့ ဆိုရင် လာအိုကို သုံးခေါက်မြောက်ခရီးပင်ဖြစ်လာပြီကော။ ကိုယ်ချင်းလဲစာပါသည်။ ခရိးက လွယ်တယ်လို့ ရောက်ဖူးလေ့ရှိသူတယောက်ရဲ့ စကားနဲ့ မရောက်ဖူးသူက ဘယ်သူမှ မမှန်းဆရဲပါ။ တဖက်ကကူညီလိုတဲ့စိတ်ဖြင့်သာ အေးဆေးပါ သွားနိုင်ပါသည်ဟု ၀န်ခံလိုက်ခြင်းဖြစ်သည်။ ဒီလိုနဲ့ ညတညကိုကျော်လွန်လာလို့ နောက်မနက်မှာဘဲ လ၀ကရုံးကို သွားဖို့ စိုင်းပြင်းရပါတော့သည်။ ခရီးက ဘန်ကောက်တွင်ဘဲ ကြန့် ကြာနေပါပြီ။ ဘာကြောင့်လဲဆိုတော့ သည်နေ့ ကား ထိုင်းတနိုင်ငံလုံး၏ ဘာသာရေးနေ့ တစ်နေ့ ရုံးပိတ်ဖြစ်နေခြင်းကြောင့်ပါ။
            ထိုင်း လ၀ကရုံးပိတ်ခြင်းကြောင့် နယ်ကနေ တက်လာမည့် စာရေးသူနဲ့ ခရီးသွားဖော်တွေလဲ တရက်ကနှစ်ရက် ဗီဇာကုန်ရက်က နီးလာပေါ့။ ဒါနဲ့ ဘဲ သူတို့ ကိုလဲ ဘန်ကောက်တနေရာတွင် မိတ်ဆွေများရဲ့ ပံ့ပိုးမှုနဲ့ အတူ အိပ်စက်အနားယူလိုက်ရပါတော့သည်။ အနားယူခြင်းကလဲ အဆင်ပြေသွားပါသည်။ သူတို့ ကား ဘန်ကောက်မြို့ တော်၏ကျက်သရေဆောင် မြဘုရားကို မဖူးရသေး၊ ဖူးခွင့်မကြုံရသေးသောကြောင့်ပေါ့။ မိုးလင်းတာနဲ့ ဘုရားဖူးထွက်လိုက်ကြသေးဆိုပါတော့ဗျာ။ ဘုရားဖူးပြီးချိန်မှာဘဲ စာရေးသူဘက်က လ၀ကတာဝန်လဲပြီးဆုံး၊ အားလုံးအဆင်သင့်ဖြစ်လာတာနဲ့ ခရီးထွက်ဖို့ အားယူပါတော့သည်။ အထုပ်အပိုး၊ တကိုယ်ရေတကာယအသုံးဆောင်လေးတွေကို ပြင်ဆင်မှုသည် အားယူခြင်းမဟုတ်ပါလော။ တခြားနိုင်ငံကို သွားရမှာဆိုတော့ ပါသင့်သလောက်တော့ ပါရမည်မှာ မလွဲပင်တည်း။ အသုံးဆောင်လေးတွေ ထည့်သိမ်းယူနေချိန်မှာ ခရိးအတွက်ပြင်ဆင်သင့်တာတွေက စာရေးသူခေါင်းထဲဝင်လာပါတော့သည်။ ဟိုမှာရောက်ရင် မြန်သင့်သလောက်မြန်မြန်ပြီးစီးအောင် ဓါတ်ပုံသည် လိုအပ်သည့်ထဲတွင်တခုအပါဝင်ဖြစ်ပါသည်။ ဒါကြောင့်မို့ ဓါတ်ပုံပါလာလားလို့ မေးလိုက်ချိန်မှာဘဲ တယောက်သာပါသည်၊ နောက်တယောက်ပါမလာပါ၊ ကင်မရာတော့အဆင်သင့်ရှိနေပါသည်ဟု ပြောသဖြင့် ဓါတ်ပုံရိုက်ရပါတော့သည်။ ရိုက်ပြီးလျှင် ကူးရသည်၊ ကူးဖို့ ဆိုင်ကိုသွားရသည်၊လုပ်ရိုးလုပ်စဉ်ပေါ့။ သို့ သော်စာရေးသူကား ကိုယ်တိုင်မသွားနိုင်တော့ပေ။ ရှေ့ဆက်ပြီးခရိးရှည် တညလုံးကားစီးဖို့ ရှိနေသဖြင့်သွားလိုစိတ်မရှိပေ။ ထို့ ကြောင့် အတူနေ မိတ်ဆွေတယောက်ကို ဈေးသို့ ဓါတ်ပုံကူးဖို့ အကူညိတောင်းရပါတော့သည်။ ပြန်ရောက်လာချိန်ကား ညနေ ၇ နာရီပင်ထိုးတော့ပေါ့။ အချိန်ကို တိုင်းတာကြည့်လိုက်တော့ နောက်ကျသယောင်ယောင်ပင် ရှိနေပြီ။ အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဓါတ်ပုံတွေကိုယ်စီထည့်ပြီး ကားတက္ကစီငှားလို့  မော်ချစ်ကားကွင်းသို့ ခရီးနှင်ပါတော့သည်။ ခရီးထွက်လို့ မီးနစ် ၂၀ ၀န်းကျင်လောက်မှာဘဲ စာရေးသူ၏ အိပ်ကပ်အတွင်းက ဆိုနီဟန်းဆတ်လေးက ကလိန်ကလိန်မည်လာပါသည်။ စာရေးသူကြည့်လိုက်တော့ အတူနေတယောက်ကခေါ်လာခြင်းကြောင့် ကိုင်လိုစိတ်သိပ်မရှိပါ။ ခပ်ကြာကြာ မည်တွင်နေခြင်းကြောင့် ကိုင်လိုက်ပါတော့သည်။ တကယ်ဘဲ အဖုထစ်တခု ရင်ဆိုင်လိုက်ရပါတော့သည်။ ဓါတ်ပုံသွားကူးစဉ်ကယူသွားတဲ့ ကင်မရာမန်မိုရီကဒ် ပြန်မပေးလိုက်ရကြောင်းပေါ့။ ကဒ်မပါလို့ မဖြစ်ပါ။ မရောက်ဖူးသေးတဲ့ဒေသတခုကို မှတ်ကြောက်တင်ဖို့ သယ်ဆောင်လာတဲ့ကင်မရာတလုံး ကဒ်ပါမလာရင် အသက်မဲ့နေသည် မဟုတ်ပါလား။ စီးနေတဲ့ ကားကို နောက်ပြန်လှည့်ပြီး ကဒ်ပြန်ယူလိုက်ရပါတော့သည်။ အချိန်လဲ ကြန့် ကြာ၊ နောက်ကျနေတာကလဲ တကြောင်းဆိုတော့ စာရေးသူ ဒေါသ တော်တော်ထွက်လိုက်ရတယ်။ အဖော်တွေကတော့ ပြန်ယူမနေဖို့ ပြောပါသည်။ ကင်မရာပါပြီး အသက်မဲ့နေရင်ကား ဟန်မကျလွန်းလို့ လှည့်ပြန်ယူလိုက်ပါတယ်။ ပြန်လို့ ထွက်လာချိန်မှာတော့ တက္ကစီကားသမား ကို အမြန်မောင်းခိုင်းရင်း စကားစလိုက်မိပါတယ်။ မတောက်တခေါက်၊ တောင်တလုံး မြောက်တလုံးယိုးဒယား စကားလုံးလေးတွေနဲ့ ပေါ့။ ကားသမားက ဘယ်ဇာတိလဲပေါ့။ သူဖြေလိုက်တာက စာရေးသူတို့ သွားမည့်ဒေသက ဖြစ်နေပါတယ်။ ကားသမားကလဲ စာရေးသူ စိတ်လောနေမှန်းသိဟန်ပေါ်ပါတယ်။ စိတ်မပူနဲ့ သူ ခနခန ပြန်နေတာပေါ့။ရွာကို။ ကားတွေက ညအများကြီးရှိနေတယ်။ အေးအေးဘဲပေါ့။ သူဆက်ပြောရင်း ကားလမ်းကြောင်းမြန်နိုင်သမျှမြန်အောင် ပြောင်းယူမောင်းလိုက်ပါတော့တယ်။
       အဖုအထစ်လေးတွေအကြောင်းပြောဆိုရင်း တခုကျန်ကျနေခဲ့ပါသေးသည်။ ညနေပိုင်း ခရီးထွက်ဖို့ စိုင်းပြင်းနေကြချိန်မှာဘဲ လာအိုသို့ အလည်ရောက်ဖူးချင်သည့်မိတ်ဆွေကတယောက်ပေါ်လာပါတယ်။ စုစုပေါင်းလေးယောက်ပေါ့။ သူကလဲတကယ်ကို ရောက်ဖူးသွားဖူးချင်နေသူပါ။ ဗီဇာအတွက်မဟုတ်၊ အလည်သက်သက်သာဖြစ်သည်။ ထိုင်းကိုရောက်ခိုက် ရောက်သင့်တဲ့နေရာတခုလို့ တွက်ထားလို့ ပါ။ အတူသွားကြဖို့ ဆုံးဖြတ်ထားရင်း တကယ်သွားခါနီးကျတော့ သူမလိုက်ဖြစ်တော့ပါ။ ဘာကြောင့်ဆိုတာတော့ စာရေးသူ မပြောနိုင်ပါ။ ဒါနဲ့ မူလအစီစဉ်အတိုင်း သုံးယောက်သာခရီးဆက်ခဲ့ပါသည်။ လေးယောက်ကနေ သုံးယောက်ဖြစ်လာတာလဲ အခုချိန်တော့ မလိုက်ဖြစ်တဲ့တယောက်၏ နတ်ကြီးမှုလား၊ အဖုထစ်လေလား စဉ်းစားစရာဖြစ်လာပါတယ်။ သေချာတာတော့ ကုသိုလ်ကံအားကြီးမှုလို့ ဘဲ ယူဆလိုက်ပါတယ်။
       မော်ချစ်ကားကွင်းသို့ တက္ကစီကားလေးသည် အရှိန်ပြင်းထန်စွာမောင်နှင်ရင်းက ဆိုင်းမဆင်ဗုံမဆင့်ထိုးရပ်သွားပါတော့သည်။ ဘန်ကောက်မြို့ တော်ကြီးအတွက် အချိန်နဲ့အမျှကားတွေပိတ်မှု့ ကားအထူးဆန်းမဟုတ်တော့ပေမယ့် နောက်ကျနေတာကို သိနေတဲ့ စာရေးသူတို့ အတွက်တော့ ဒေါသဖြစ်ရနိုး၊ ထိုင်ရနိုး၊ ထရနိုး၊ ဆင်းလျှောက်ရနိုးနဲ့ နိုးနိုးတွေများနေပါတော့တယ်။ ကားသမားကလဲ ကားတွေ အမြဲရှိနေကြောင်း၊ ကားလက်မှတ်တွေ ၀ယ်လို့ ရကြောင်း၊ ဘန်ကောက်က ကားကြပ်လေ့ရှိကြောင်း ဖြောင်းဖျ ပြောနေပါသည်။ စိတ်တွေညီးညူရင်းဘဲ ည ၈ နာရိဝန်းကျင်ခန့် မှာ မော်ချစ်ကားဂိတ်ဘေးနားသို့ ရောက်လာပါတော့တယ်။ စာရေးသူလဲ ကားလမ်းပြန်ကွေ့ ပြီးမှ ဂိတ်ထဲဝင်ရမှာကို သိနေခြင်းကြောင့် မအောင့်အီးနိုင်တော့ဘဲ အနီးဆုံးနေရာကို ရပ်ခိုင်းပြီး ဖြတ်ဆင်းလိုက်တယ်။ ကားဂိတ်ပေါ်တက်သွားတော့ ကားသမားပြောသည့်အတိုင်းပါဘဲ ၊ ကားတွေက အများကြီးပေါ့။ လက်မှတ်လဲ လွယ်လွယ်နဲ့ ဝယ်ဖြစ်ခဲ့တယ်။ ည ၉ နာရီ ၄၅ မီးနစ်ကားပေါ့။ စာရေးသူတို့ ၁ နာရီနိးပါး ကားကွင်းမှာ အနားယူချိန်ပင်ရလိုက်သေး။ အချိန်တွေကို ကားစောင့်ရင်းနဲ့ ဝါးမျိုကာ ကားထွက်ချိန်ရောက်လာတော့ အဆင်သင့်ဖြစ်နေတဲ့ကားပေါ်သို့ တက်လိုက်ကြတော့တယ်။ ကားပေါ်ရောက်တော့ သုံးယောက်သားလက်တို့ စကားပြောရင်း ရယ်နေရပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ အဝေးပြေးကားတိုင်းမှာ ခရီးသည်တွေကို ၀န်ဆောင်မှု့ ပေးဖို့ ကားမယ် အမျိုးသမီးလေးနှစ်ယောက်အမြဲလိုက်ပါလေ့ရှိပါတယ်။ စာရေးသူတို့  ကားကိုလိုက်မယ့်ကားမယ်လေးက အမျိုးသ္မီးအစစ်လား၊ အခြောက်မလေး လား ဆိုတာ သုံးယောက်သားလက်တို့ ရင်း ပေါ့။ ပြောပြောဆိုဆို ရယ်မောနေချိန်မှာဘဲ ကားမယ်လေးက ကားပေါ်တက်လာပြီး ထိုင်ခုံတွေ၊ လူတွေစစ်ရင်း စကားသံထွက်လာပါတယ်။ ကားမယ်လေးရဲ့  စကားသံအဆုံးမှာ စာရေးသူကို အဖော်တယောက်ကလှမ်းပြောလိုက်သေး၊ မင်းကွာ အသံကြားရတာတော့ အခြောက်ပါတဲ့၊ အဆင်မပြေပါဘူးတဲ့။ စာရေးသူပင် ရယ်လိုက်ရသေးတယ်။ ဒါလေးလဲ အဆင်မပြေမှုဘဲမို့ အဖုထစ်လေးပင်ပြောရပါလိမ့်မည်။ အင်းဒီလိုနဲ့ မီးနစ်ပိုင်းမှာဘဲ ဘန်ကောက် မှ နောင်ခိုင် မြို့ ၊နယ်စပ်သို့ ခရီးစတင်နှင်ပါတော့တယ်။ တလမ်းလုံး မှုန့် စားရင်း စကားပြောရင်း ပြောက်လိုက် ပေါ်လိုက် ဘန်ကောက် ညမီးရောင်ရဲ့ အောက်ကနေ ထွက်မှန်းမသိထွက်လာခဲ့ပါတော့တယ်။ ကားတစီးလုံးမှ ခရီးသည်ကား ၁၀ ယောက်ခန့် သာပါလေသည်။ ခရီးသည်နည်းနေခြင်းကြောင့် လမ်းတလျောက်ကားရပ်တဲ့ဂိတ်တိုင်း ခရီးသည်ရှာနေသည် ကားမယ်အခြောက်မလေး၏ လူးလားခေါက်တုန့် လှုပ်ရှားနေပုံကိုလဲ အမြဲလိုပင်တွေ့ နေရသည်။ မနက်ဝေလီဝေလင်း အချိန်မှာတော့ တခါမှ မကြုံဖူးတဲ့ အဖုထစ်လေးက လာပြန်ပါပြီ၊ ခရီးမဆုံးမှီကြားခံမြို့ လေးဖြစ်တဲ့ ဦဒုံဌာနီ မြို့ အ၀င်မှာတော့ ကားပြောင်းလို့ စီးရပါပြီ။ ခရီးသည်နည်းခြင်းကြောင့် ခရိးသည်များတဲ့ကားနဲ့ ချိတ်ဆက်လုပ်ပြီး စာရေးသူတို့ အဖွဲ့ ကို ပြောင်းတင်ပေးလိုက်ပါတော့သည်။ အဆင်မပြေလိုက်တာ၊ ဒါမျိုးထိုင်းမှာတခါမှ မကြုံဖူးဘူးလို့ ပင် စာရေးသူ ပြောမိလိုက်သေးတယ်။ စာရေးသူဘေးက အဖော်က အင်း အခြောက်မလေးနဲ့ တော့လမ်းခွဲလိုက်ပြီပေါ့ ဟုပင် အိပ်မှုန့် စုံဖွားအသံနဲ့ စကားချီလိုက်သေး။ မကြုံဖူးတဲ့ကားပြောင်းစီးခြင်းကို လက်ခံလိုက်ရခြင်း၊ ကားမယ်ကကို အခြောက်မနဲ့ တွေ့ လိုက်ရခြင်းတွေကလဲ အဖုထစ်တွေပင်ဖြစ်နေတယ်လေ။ ကဲ ရှိစေတော့။ စာရေးသူတို့ အဖွဲ့ နယ်စပ်နောင်ခိုင်မြို့ ရောက်တော့ တုပ်တုပ်ဆိုင်ကယ်လေး ခေါ်ပြီး သုံးယောက်သား နယ်စပ်ကပ်စတန်ဖြတ်ကျော်ဖို့ ၊ လာအိုသို့ အချိန်မှီဝင်ရောက်နိုင်ဖို့ မနက် ၈ နာရီခန့် မှာဘဲ ခရီးဆက်ခဲ့ကြပါတော့တယ်။ အားလုံးအဆင်ပြေချောမောစွာနဲ့ ပင် လာအိုသို့ ဆိုက်ရောက်နိုင်ခဲ့ပါသည်။ လာအိုဗီဇာကလဲ ဖရီးရက် မကုန်သေးဘူးဆိုတာသိလိုက်ရတော့ လမ်းမှာ ကြုံခဲ့ရတာတွေပင် အဆင်ပြေတဲ့စာရင်း ၀င်သွားတော့သည်။
     အဖုထစ်လေးများအကြောင်းကို စဉ်းစားရင်း ဆရာတော်ဘုရားကြီး၏
                                 တနေကွယ် သေနယ်သို့ တခါကူး၊
                                 ကိုယ့်ကိုယ်ကို မသေးဘူးမထင်လိုက်ပါနဲ့ ၊
                                 နေကွယ်တာအကြိမ်များရင်ဖြင့် ၊
                                 သေနယ်ရွာတခါသွားရလိမ့်မယ်၊
                                         တားမရဘူး။
ဆိုတဲ့ သတိ သံဝေဂ ကဗျာလေးကို စဉ်းစားရင်း ဆေးလူးလိုက်ဦးမယ်လေ။ ။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်