အဖုထစ်လေးများ အပိုင်း(၂)

   စာရေးသူ မောင်ဖိုးဥာဏ်တို့ သုံးယောက် လာအိုနိုင်ငံသို့ အဆင်ပြေစွာနဲ့ ဘဲ ရောက်လာခဲ့ကြပါတယ်။ ရောက်လာချိန်ကလဲ တကယ့်ကို အချိန်ကောင်းဆိုတော့ သိပ်ပျော်ရွင်နေကြတာပေါ့။ မနက် ၉ နာရီအချိန်ဆိုတော့ အချိန်ကောင်းပေါ့၊ စာရေးသူတို့ အနေဖြင့် လာအိုနိုင်ငံရှိ ထိုင်းသံရုံးကို ဗီဇာတင်နိုင်ရေးသည်သာ ပဓာနဖြစ်လေသည်။ ဒါကြောင့်လဲ ဗီဇာတင်ဖို့ အချိန်ရလာရင် အချိန်သည် အကောင်းဆုံးဖြစ်လေမည်မှာ မလွဲပေ။ 
နယ်စပ် ကပ်စတန်မာ ကနေ ထွက်လာချိန်တော့ လူတွေကို နည်းမျိုးစုံနဲ့ ကြိုပို့ လုပ်နေတဲ့ တက္ကစိကားသမား အမျိုးမျိုးကိုတွေ့ ရပါတယ်။ ငါးရာတမျိုး၊ ခြောက်ရာတမျိုး၊ တစ်ထောင်တမျိုးစသည်ဖြင့် လက်ကမ်းကြိုနေသည့် ခရီးသည်ပို့ ဆောင်ရေး အမျိုးမျိုးကိုလဲ ရင်ဆိုင်နေရပါသည်။ စာရေးသူမောင်ဖိုးဥာဏ်လဲ သုံးခေါက်မြောက်ခရီးဆိုတော့ လွယ်လွယ်နဲ့ ကားသမားတိုင်း မယုံကြည်မိတာအမှန်ပါ။ ဒီလိုနဲ့ ဈေးဆစ်ရင်း၊ ခရီးဆက်ရင်းဖြင့် တောင်းအစ် ကားသမားလေးက တယောက်ကို ထိုင်းဘတ်ငွေသုံးရာနဲ့  စကားကမ်းလာလို့ မောင်ဖိုးဥာဏ်လဲ လက်ခံလိုက်ပါတော့တယ်။ ဒါကြောင့်လဲ လာအိုရှိ ထိုင်းသံရုံးသို့ အချိန်မှိရောက်သွားကြတယ်ဆိုပါတော့။
   လာအိုရှိ ထိုင်းသံရုံးရှေ့သို့ ကားလေးဆိုက်ရောက်ချိန်မှာဘဲ ကားဒရိုင်ဘာက စကားစလာပါသည်။ အားလုံးဘာမှလုပ်စရာမလိုဘူး။ ထိုင်းဘတ်ငွေ ငါးဆယ်ဆို အားလုံးအဆင်ပြေသွားမယ်ပေါ့။ သူ့ရဲ့ သူငယ်ချင်းတွေ ဒီမှာရှိကြောင်းပြောလာသဖြင့် စာရေးသူလဲ လက်ခံလိုက်သည်။ လာအိုတွင် ဘယ်အရာဘဲဖြစ်ဖြစ် ထိုင်းငွေနဲ့ သာ အဓိကထားစကားပြောလေ့ရှိကြပါသည်။ မောင်ဥာဏ်တို့ လဲ ကားသမားလေးရဲ့ သဘောထားအတိုင်းလိုက်လံဆောင်ရွက်ကြသဖြင့် မကြာတဲ့အချိန်အတွင်းမှာ ဗီဇာအတွက်သံရုံးဝင်ခြင်း ပြီးဆုံးကြပါတော့သည်။ မောင်ဥာဏ်တို့ သုံးယောက် မှန်းဆထားတဲ့ကာလအတိုင်းတာပြီးဆုံးသည်နဲ့  တနေ့ တာအနားယူခြင်းအတွက် တည်းခိုးရန် လွန်ခဲ့တဲ့အခေါက်က တည်းခိုးလာတဲ့လိပ်စာကဒ်လေးကို ပြသဖြင့် ကားသမားလေးမှာ အိုကေဟု တခွန်းသာပြောပြီးခရီးနှင်ပါတော့သည်။ အားလုံးအဆင်ပြေပါသည်။ တည်းခိုခန်းသို့ ရောက်လျင် ဈေးနှုန်းတော့ အရင့်အရင် အခေါက်တွေနဲ့ မတူ၊အနည်းငယ်ဈေးတက်လာတာကိုတွေ့ ရသဖြင့် စကားနဲနဲသာပြောရပြီး တည်းခိုခြင်းကိစ္စပြီးဆုံးသွားတော့သည်။ နောက်နေ့ အတွက်ပင် ကားသမားလေးကို ကြိုပို့ လာလုပ်ဖို့ တခါတည်း ဒိတ်ထားလိုက်ကြပေသည်။ အဖုအထစ်ဆိုသည်မှာ လားလားမှ မတွေ့ ရသလောက်ပင်ဖြစ်သွားသည်။ မောင်ဥာဏ်တို့ လဲ သုံးယောက်အိပ်တခန်းမှာ အေးဆေးခြေဆန့် လက်ဆန့် ခေတ္တလောက်နေပြီး ရေမိုးချိုးလို့ နေ့ လည်စာအတွက်ပြင်ဆင်ကြတော့သည်။ သုံးယောက်သားတည်းခိုခန်းအောက်သို့ ဆင်းလာပြီးထမင်းဆိုင်ရှာရပါတော့သည်။ ထမင်းဆိုင်ကားတွေ့ ပါပြီ။ လာအိုနိုင်ငံ၏ရိုးရာအစားအစာ၊ ထိုင်းနိုင်ငံ၏် အစားအစာရောထွေးလျက် ရောင်းနေသောဆိုင်တစ်ဆိုင်ဖြစ်သည်။ ဆိုင်အတွင်းတွင် ခပ်လတ်လတ်အရွယ်မိန်းကလေးနှစ်ယောက်နဲ့ ၊ယောက်ကျားလေးတယောက်၊မွေးကင်းစ အရွယ်တယောက် စုစုပေါင်းလေးယောက်သာရှိဟန်တူသည်။ ဆိုင်မှာ လာရောက်စားသုံးသူဆိုလို့ တယောက်သာမြင်တွေ့ ရသည်။ မောင်ဥာဏ်တို့ လဲ ထိုင်းစကားလေးတတ်သလောက် ပြောဆိုမှာနေရင်းက ခက်နေသည်မှာ ကြက်ဥဟတ်ပွိုင် ဖြစ်လေသည်။ ဟတ်ပွိုင် လို့ ပြောတော့လဲ သူကမသိ၊ ကြက်ဥ ကိုလက်ညိုးထိုးပြတော့လဲ ကြော်လိုက်မည်။ ဘယ်လိုမှရှေ့ဆက်မရဖြစ်နေသည်။ ထမင်းဆိုင်လေးက တကယ်ကို နားလည်မှုပေးပါသည်။တည်းခိုခန်းနဲ့ နီးနေတော့ အင်္ဂလိပ်လိုလဲ ထိုက်သင့်သလောက်ရေးထားတဲ့အစားအစာ ကဒ်လေးကို လက်ညိုးထိုးပြပါသည်။ မောင်ဥာဏ်တို့ ကလဲ အမိမြန်မာပြည်လက်ဘက်ရည်ဆိုင်မှာ မြိန်မြိန်ရှက်ရှက်စားသုံးလာတဲ့ ဟတ်ပွိုင်ကိုမှ မေ့မရဖြစ်နေသည်။ ဒါပေမယ့်နေ့ လည်စာအတွက် ကြက်ဥဟတ်ပွိုင် မရခဲ့ပါ။ အင်း ဒီလိုနဲ့ တင်အဆုံးသတ်ပြီး အဖုထစ်လေးက စလာတော့တယ်ဘဲ ပြောရမှာပေါ့။ နေ့လည်စာအတွက်တော့ပြီးသွားပါပြီ။ တည်းခိုခန်းသို့ပြန်လို့ နေ့လည်ပိုင်း တရေးတမောအနားယူကြပြီး အိပ်ယာကနိုးလာချိန်တော့ လာအိုမြို့တော် ၀ီယန်ကျန်း၏ အဓိကဈေးအတွင်းသို့ လမ်းလျောက်ရင်း လာအိုအမှတ်တရ လက်ဆောင်လေးတွေ ၀ယ်ဖြစ်လိုက်ကြသေးတယ်။ အားလုံးတနေ့ တာအတွက်ပြိးဆုံးသလောက်ဖြစ်သွားပါပြီ။
            
           နောက်နေ့မနက်ရောက်တော့ မောင်ဥာဏ်လဲ မနေ့ ကတနေကုန်လူးလားခေါက်တုန့်ခရီးဆန့် ထားတဲ့အရှိန်ကြောင့် တော်တော်နဲ့ အိပ်ယာက မထနိုင်ပါ။ သို့သော်အိပ်ယာတွင်းက သဲ့သဲ့အသံတော့ကြားနေရသည်။ မောင်ဥာဏ် ထတော့လေ။ ဒီမှာအခြေနေမကောင်းဘူး။ မိုးလင်းနေပြီ။ ဒို အော့က်ဆင်းကိုဆင်းမှရတော့မည် စတဲ့အသံက ကြားနေရသည်။ မထမတော့ ဘာဖြစ်တာပါလိမ့်လို့ စဉ်းစားရင်း ပြန်ပြန်အိပ်ပျော်သွားသည်။ နောက်ဆုံး ခြုံထားတဲ့စောင်ကိုဖွင့်ကြည့်လိုက်တော့မှ သဲကွဲတဲ့အသံကိုသဘောပေါက်လိုက်သည်။ ရေချိုးခန်းအတွင်း ရေမလာတဲ့ပြဿနာပေါ့။ မှန်ပါတယ်။ မနက်စောစောရေမလာတော့ တကိုယ်ရေသန့်ရှင်းအတော့်ကိုအခက်တွေ့နေသည်။ နိုးလာရင် ကျန်းမာရေးက သွားကိုသွားလိုက်ရမှဆိုတဲ့ နောက်ဆက်တွဲပြဿနာလေးက ပါလားသေးပေါ့။ သုံးယောက်သားနိုးလာချိန်မှာတော့ အားလုံး အခက်တွေ့တော့တာပါဘဲ။ လေးထပ်မြောက်မှာတည်းတဲ့မောင်ဥာဏ်တို့ အုပ်စု အောက်သို့တခါဆင်းဖို့တော်တော်ကိုမလွယ်တာပါ။ ဓါတ်လေးခါးလေးဆိုရင်တော့ အိုကေလိမ့်ရဲ့။အဖုထစ်လေးက တွေ့ပါပြီ။ တာဝန်ကျ ၀န်ထမ်းလေးကိုခေါ်ပြောရတာလဲ သုံးကြိမ်မကတော့ တော်တော်ခြေသလုံးတွေလဲ အန်မကျတော့ပါ။ နောက်ဆုံးအဆင်မပြေချိန်မှာတော့ရေသန့်ဘူးနဲ့ သုံးယောက်သားစခန်းသွားလိုက်တော့သည်။ တညတည်းခိုခ ဘတ်တစ်ထောင်ပေးပြီး ရေမရှိတဲ့အဖြစ်ဆိုတော့ ခရိးသွားတွေအတွက် အဆင်မပြေလှတဲ့အဖုထစ်လေးတွေပေါ့။ ဒီလိုနဲ့မနက်ပိုင်း၊ နေ့ လည်ပိုင်းအားလုံးပြီးဆုံးသွားတော့သည်။ နေ့လည်တနာရီ သံရုံးသို့ သွားပြီးဗီဇာထုပ်၊ပြီးလျင် မိမိတို့ လာရာထိုင်းဘက်ကမ်းသို့ကူးရုံသာ ရှိတော့သည်။ နေ့ခင်း ၁၂ နာရီအချိန်မှာတော့ကားသမားလေးရောက်လာသည်နဲ့ အဆင်သင့်ဘဲကားပေါ်တက်လိုက်ရင်း ထိုင်းသံရုံးသို့ ရောက်သွားတော့သည်။ အချိန်စောနေသဖြင့်လမ်းဘေး ဈေးဆိုင်လေးမှာ ကောပီသောက်၊စီးကရက်ဖွာရင်း အချိန်ပင်ဖြုန်းလိုက်ကြသေးပေါ့။
            တစ်နာရီထိုးသည်နဲ့ ဗီဇာမှာအခက်ခဲမရှိပင် လက်တွင်းသို့ရလိုက်တော့သည်။ မောင်ဥာဏ်တို့ ပြန်ဖို့စိတ်စောနေသည်မှာပြောဖို့ မလိုလောက်ပါ။ ဗီဇာရတယ်ဆိုရင်ဘဲ ငှားထားတဲ့ကားလေးပေါ်သို့ ရောက်ပြီးသားဖြစ်နေပြီ။ ကားလေးကို အချိန် ၁၅ မီးနစ်သာသာလောက်စီးလိုက်ပြီးတာနဲ့ တံတားကျော်ပြီး ၀ီယန်ကျန်းမြို့တော်ကို နှတ်ဆက်ပြီးသားဖြစ်နေရဲ့ ။ ထိုင်းဘက်သို့ ရောက်လာတော့လဲ တစ်ယောက်ဘတ်သုံးဆယ်နဲ့ အဆင်သင့်စောင့်နေတဲ့တုတ်တုတ်သုံးဘီးလေးပေါ် တက်လိုက်တော့တယ်။ နောင်ခိုင်မြို့တော်၏ အဝေးပြေးကားဂိတ်သို့ ရောက်တော့ မောင်ဥာဏ်လဲ ကားကောင်းကောင်းစီးပြီး အေးဆေးပြန်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အထူးကားကို အချိန်သွားမေးလိုက်သည်။ မောင်ဥာဏ်တို့ကားကွင်းရောက်နေချိန်ကား နေ့လည် ပိုင်း ၃ နာရီဝန်းကျင်ရှိနေသေးတယ်။ ကားထွက်ချိန်က ည ၈ နာရီဆိုတော့ အချိန်တွေကွာဟလွန်းနေသည်။ မောင်ဥာဏ်လဲ စောင့်မလားလို့ အဖော်တွေကိုမေးပါတယ်။ အဖော်တွေကလဲ ဒီထက်စောနိုင်တဲ့ကားမရတော့ဘူးလားလို့ မေးခွန်းထွက်လာနဲ့ နောက်တနေရာသို့ သွားပြီး ညနေ ၄ နာရီကားကိုလက်မှတ်ယူလိုက်ပါတော့သည်။ ကားဂိတ်တွင်းမှာ ခန အနားယူရင်း အအေးသောက်ရင်း၊စီးရက်သောက်ရင်း လေးနာရီခွဲကျော်ကျော်လောက်မှာ မောင်ဥာဏ်တို့အပြန်ဘန်ကောက်ခရီးလေး စတင်ပါတော့တယ်။ စီးလိုက်တဲ့ကားကလဲ လမ်းမှာဈေးဝယ်နေတဲ့သူတွေ့ရင်တော့ ဘန်ကောက်လားလို့ မေးမေးပြီး ခရီးသည်ရှာတဲ့ကားဆိုတော့ အဖုထစ်လေးတွေကတော့ ပြောပြဖို့တောင်မကောင်းတော့ဘူးလေ။ ထိုင်းမှာ ဒီလိုကားမျိုး မတွေ့ဖူးဘူးလောက်သာပြောနိုင်တော့တယ်ဗျာ။ အဖုထစ်လေးတွေအကြောင်းစဉ်းစားရင်း၊ကားစီးရင်း၊လမ်းဘေးဝဲယာက လူတွေကိုငေးကြည့်ရင်း ဆရာတော်ဘုရားကြီးများရဲ့ သတိသံဝေဂ ကဗျာလေးကို အမှတ်ရလိုက်မိတယ်။
                                       ငါ့ကိုလဲ သူမပိုင်၊
                                       သူ့ကိုလဲ ငါမပိုင်၊
                                       ဘယ်သူ့ကိုမှ ဘယ်သူမပိုင်၊
                                       အချိန်တိုင်က သူဖြစ်ချင်ဖြစ်၊
                                       ငါဖြစ်ချင်သလိုမဖြစ်၊
                                      ဥစ္စာပစ္စည်းကသော် လူကိုပစ်၊
                                      လူကသော် ဥစ္စာ ပစ္စည်းကို ပစ်၊
                                      ဆင်းရဲတာက ဒုက္ခ၊
                                      အမြဲမရှိတာက အနိစ္စ၊
                                      အစိုးရခြင်းမရှိတာက အနတ္တ ပါတကား၊ ဟုသာ ရေရွတ်ရင်းပေါ့။ ကဲ မောင်ဥာဏ်လဲ ဆေးလူးလိုက်ဦးမယ်လေ။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်