အဖုထစ်လေးများ အပိုင်း(၁၀)


စာရေးသူမောင်ဥာဏ်တို့နှစ်ယောက်လဲ ဆေးရုံတွင်းမှာပျောက်သွားတဲ့ဦးကောကို ရေအိမ်ခန်းတွေပါမကျန်လိုက်လံရှာ ဖွေရင်း ဟိုဘက်ဒီဘက်ဒေါင်းချာရိုက်သွားခဲ့တယ်။ ဦးကောကား အထင်တော့ခွဲစိပ်ခန်းဝင်ရန် သယ်ဆောင်သွားဟန်ရှိပါ သည်။ နောက်ဆုံးမတွေ့တော့တဲ့အခြေနေဆိုတော့ မောင်ဥာဏ်တို့နှစ်ယောက် နေရာကအခြေမဲ့သွားပြသန်ပေါ့။ မထူးပါဘူး၊ စောစောက နေရာပန်းခြံတွင်းဘဲသွားကြမယ်လို့ဆုံးဖြတ်ပြီး ဆေးရုံတွင်းကပြန်ထွက်လျောက်လာခဲ့တယ်။ အပေါ်ပူ၊အောက် ပူနဲ့လောကဓံကိုတွန်းလှန်ရင်း ကွင်းပြင်ထဲတခါထပ်ဖြတ်သွားရပြန်ပါသည်။ ရှိစေတော့လေ။ မူလထိုင်နေတဲ့ခုံတန်းရှည်ကို ပြန်ရောက်တော့ လူတွေက ခုံပြည့်အောင်ရှိနှင့်နေပြီကော။

ဟိုဘက်သွားလဲအခြေမဲ့၊ဒီဘက်သွားလဲအခြေမဲ့နဲ့ အဖုထစ်လေးတွေက ရင့်သည်ထက်သာရင့်လာတယ်။ လျော့သွားတာ တယ်ဆိုတာတော့ တခါမှကိုမကြုံရသေးပါ။ ခုံတန်းရှည်တခုလုံးကိုစေ့စေ့ကြည့်လိုက်တော့ လေးယောက်ထိုင်နေရာက အစွန်းတနေရာလေးတွင် ထိုင်ဖြစ်ရုံဒေါင့်လေးတခုကျန်နေသည်။ မောင်ဥာဏ်အဖော်လည်း မထူးတော့ဘူးမောင်ဥာဏ်ရယ် နေရာတော့လုမှရမယ်။ဒီနေရာလေးက အရိပ်လည်းရတယ်။ ရှု့ခင်းလဲကောင်းတယ်ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကပ်ထိုင်ချလိုက်တော့သည်။ သူ့အတွက်တော့အဆင်ပြေသွားပြီ။ မောင်ဥာဏ်ကတော့ မတ်တပ်က မတ်တပ်ဘဲလေ။ ပေကပ်ပြီးတော့ ရပ်နေတယ်။

 သိပ်မကြာလိုက်ပါ။ မောင်ဥာဏ်အဖော်နဲ့ထိုင်နေသူ ယိုးဒယားတွေလဲ အာဘော်အာရင်းသန်သန်နဲ့ဗမာစကားတွေတအား ပြောနေတာကို နားငြီးနေလို့လား။ မောင်ဥာဏ်ရပ်နေတာကိုဘဲ ကရုဏာသက်မိလို့လားမပြောတတ်။ ခဏကြာတော့ တစ်ယောက်ပြီးတယောက်ထသွားလိုက်ကြတာ နောက်ဆုံးတော့ အဖိုးအိုကြီးတယောက်သာ ကပ်ကျန်တော့သည်။ နေရာတွေလဲလပ်သွားတော့ မောင်ဥာဏ်လဲ အပြေးထိုင်လိုက်တော့တယ်။ ပတ်တီးတွေနှစ်ယောက်သားငုံ့ကြည့်နေရင်း၊ ကံကောင်းတဲ့အကြောင်းတွေ၊ကားသမားအသုံးမကျလို့ဖြစ်ရတဲ့အကြောင်းတွေပြောနေကြရင်း ဘေးနားက ပေကပ်နေတဲ့ အဖိုးကြီးကိုလဲ ဝေဖန်လိုက်ကြသေးတယ်။

တဆက်တည်းဘဲ ဒီအဖိုးကြီးကို ဒို့အကူညီတောင်းရင်တော့ ဗိုက်ပြဿနာရှင်းနိုင်လောက်တယ်ကွလို့အကြံဖြစ်လိုက်တယ်။ ဒါနဲ့မောင်ဥာဏ်က ယိုးဒယားအဖိုးကြီးစကားစမြည်စတော့သည်။ ဘယ်မှာနေလဲ၊ဘာလုပ်လဲ၊ဒီနေ့က ဖရီးဒေးလားပေါ့။ အကြံကတော့ဖုန်းငှားဆက်မယ်။ ထမင်းဝယ်ခိုင်းမယ်ဆိုတဲ့အကြံတွေနဲ့ပေါ့လေ။ စကားတွေမိတ်ဖွဲ့ပြီးနောက်ပိုင်းတော့ မောင်ဥာဏ်မေးလိုက်တယ်။ ဒကာတော် ဖုန်းပါလားပေါ့။ ဖုန်းမရှိဘူးတဲ့။ နံပါတ် ၁ လွဲချော်သွားပြန်ပြီ။ ထမင်းကော စားပြီး ပြီလားဆိုတော့ ထမင်းက မစားချင်သေးဘူးတဲ့။ နံပါတ် ၂ လွဲချော်သွားပြန်ပြီ။ မောင်ဥာဏ်တို့နှစ်ယောက်လဲ သူ့ကိုအာရုံခန ဖြတ်ပြီး ဗိုက်ပြဿနာကို ခေါင်းထဲထည့်စဉ်းစားရပြန်ပြီ။

မထူးပါဘူးကွာ ကိုယ့်ကိုသွားဝယ်လိုက်တာဇယားရှင်းပါတယ်ဆိုပြီးလဲ အကြံဖြစ်လိုက်မိသေး။ မဖြစ်သေးပါဘူး။ ဖိနပ်ကမပါ၊ သင်္ကန်းက မရှိနဲ့ ထိုင်းဓလေ့နဲ့ဆို မကိုက်သေးပါဘူးလို့ ချီတုံချတုံဖြစ်နေတာ နေ့လည် ၁၂ နာရီသာကျော် သွားတော့တယ်။ ဒီနေ့အတွက် နေ့ဆွမ်းကော။အာရုံဆွမ်းပါ ငတ်သွားတော့တယ်ဗျာ။ ဆေးလိပ်ကိုအဖော်ပြုဖို့လဲ အခွင့်က မသာတော့။ စီးကရက်ပင်ပြတ်တဲ့အဆင့်ရောက်သွားတော့တယ်။ နာရီပြန်တချက်ပင်ထိုးရော့ပေါ။ ဆေးလိပ်လဲ မသောက်ရ၊ထမင်းကလဲ မစားရနဲ့ လူတွေကလဲ မျက်နှာမသစ်ရ၊ရေချိုးဖို့ဆို ပိုဝေးသေး။ ဘာပုံတွေ ဘယ်လိုပေါက်နေမှန်းကို မသိတော့ဘူး။ ကိုယ့်ကိုပင်ပြန်မကြည့်ချင်လောက်အောင်ဖြစ်သွားတယ်။ ဆာနေ၊ဟာနေတဲ့ဗိုက်ကလဲ အောင့်အီးသီးခံနေလို့ကိုမဖြစ်တော့ပါ။
မောင်ဥာဏ်အဖော်က ပြောတယ်။ ကိုယ့်လူတယောက်တည်းသာ သွားဝယ်လိုက်ပါကွာ၊။ လူကပင်ပန်းတာရယ်၊မအိပ်ရတာရယ်နဲ့ထမင်းပါမစားရဘူးဆို ပိုဆိုးနေလိမ့်မယ်လို့ထုတ်ပြောလာပါတယ်။ နောက်ဆုံးတော့ မောင်ဥာဏ်ကိုယ်တိုင်ဘဲ လူတွေအများကြီးကြားက ထော့နဲ့ထော့နဲ့ခြေထောက်လေးကို အားပြုရင်း ဈေးဆိုင်ဘက်ကို ဦးတည်လိုက်ရပါတော့တယ်လေ။ ဘတ်တရာတန်လေးကိုင်ပြီး ဈေးတန်းတွင်းမှာဆယ်ဘတ်တန်မှုန့်သုံးထုတ်ရယ်၊ရေဘူး တစ်ဘူးရယ်အမြန်ဝယ်ပြီး အတင်းပြန်ထွက်လာခဲ့ရတော့တယ်။ နှစ်ယောက်သား ၀ယ်လာတဲ့မှုန့်လေးကိုရေဘူးနဲ့မျော ထည့်လိုက်တယ်၊။ ဆာတဲ့အချိန်စားရင်ဟင်းကောင်း ဖြစ်တယ်ဆိုတာလိုပေါ့၊။ ကောင်းလိုက်တဲ့မှုန့်လို့သာ သက်ပြင်းချမိ လိုက်ရတယ်။ မှုန့်တွေစားလိုက်ပြီဆိုတော့ ထမင်းစားပြီးတမျိုးလို ဆိုတဲ့သီချင်းအတိုင်းဘဲ၊ဆေးလိပ်ကို ပါစပ်ကတမ်းတ လာပေါ့။ စောစောကလဲ ၀ယ်လာဖို့စိတ်ကူးထားပေမယ့် ဈေးအတွင်းထိသွားဖို့ ရှက်သလိုကြောက်သလိုဖြစ်နေခြင်းကြောင့် ၀ယ်မလာမိနိုင်ခဲ့ဘူး။

အချိန်တွေကသာရွေ့ရှားနေတယ်။ဘန်ကောက်အဖွဲ့တွေကိုမျော်ရတာလဲ လည်ပင်းတရှည်ရှည်နဲ့ နှစ်ယောက်သား ၀ါဝါမြင်တိုင်း လိုက်ကြည့်နေရတယ်။ ဘယ်အပေါက်ကများဝင်ရောက်လာကြမလဲပေါ့။ မဖြစ်သေးပါဘူး။ ဖုန်းဆက်ဦးမှဖြစ် မယ်ဆိုပြီး ကြွေစိလေးတွေကို လက်ထဲဆုပ်ကိုင်ရင်း ထိုင်ရာကထရပြန်တော့တယ်။ မျက်နှာအောက်ငုံ့ပြီး နေပူကြဲကြဲနဲ့လမ်းပေါ်လျောက်ရပြန်ပေါ့။ အဆင်မပြေပါ။လမ်းဘေးဖုန်းက တချက်ဘဲဝင်လိုက်တယ်။ တဘက်ကထူးမလာ လိုလေလားမသိ။ကျသွားပြန်ရော။ သုံးခါလောက်ဆက်တိုက်ခေါ်လို့အဆင်မပြေတာနဲ့ တခေါက်ပြန်လာခဲ့ရပြန်ပေါ့။ အဖော် ထိုင်စောင့်နေတဲ့ထိုင်ခုံတန်းရှည်လေးနားရောက်တာနဲ့ ဘယ်လိုလဲ၊သူတို့ဘယ်နားလောက်ရောက်နေပြီတဲ့လဲ မေးသံကြား လိုက်ရတယ်။ ဟုတ်ပါတယ်။ကိုယ်မျော်သလို သူလဲ မျော်နေတယ်ဆိုတာ မောင်ဥာဏ်အသိဆုံးပေါ့။ မောင်ဥာဏ်လဲ အဆင်မပြေပါဘူး၊ကိုယ့်လူရာ၊ လမ်းဘေးဖုန်းအားကိုးနေရပါတယ်ဆိုမှ ပုံးကပိုက်ဆံသာစားသွားတယ်၊အဖြေကထွက်မလာ ဘူးလို့သာ ပြန်ပြောလိုက်ရသည်။
အနားမှာရှိတဲ့အဖိုးကြီးဘက်သို့စကားပြန်လှည့်ရပြန်သည်။ ဆေးလိပ်သောက်ချင်စိတ်က များနေတာကြောင့် သူ့ဘက်စကားစရင်း ဆေးလိပ်ဝယ်ချင်ကြောင်းပြောရတော့သည်။  အဖော်ဖြစ်သူက မင်းသူ့ကိုခိုင်းလို့ အဆင်မပြေလောက်ပါဘူး။ သူ့ကိုယ်သူတောင်ချိုင်းထောက်နဲ့သွားနေရတာလို့ ပြောလိုက်မှ စာရေးသူလဲ အဖိုးကြီးကို သတိထားမိလိုက်တယ်။ဒုက္ခိတပျားတုတ်ချင်းဆုံသလိုဖြစ်နေမှန်းသိတော့တာပေါ့။မထူးတော့ပါဘူးဆိုပြီးခိုင်းကြည့်လိုက်တယ် ။ အကြံသမားမို့လားမသိ။ ဆေးလိပ်ရယ်။ ရေဘူးရယ်၊ လွှိုက်ဟာဆစ် ၂ ပုလင်းရယ် ၀ယ်ခိုင်းလိုက်တယ်။ သူ့လဲတရွေ့ တရွေ့နဲ့ ချိုင်းထောက်လေးကို လက်တွဲခုတ်လို့ဈေးဘက်သို့ဦးတည်နှင်ပါတော့တယ်။ ၀ယ်ခိုင်းတဲ့ပစ္စည်းအားလုံးအဆင်ပြေ ပါတယ်။
ပြန်အမ်းလိုက်တဲ့ ငွေစလေး ၁၅ ဘတ်ကိုလဲပြန်ပေးပါတယ်။ မောင်ဥာဏ်တို့လဲ ကျေးဇူးတင်လွန်းလို့သူ့ကို ကန်တော့လိုက်ပေါ့။ ဆရာသမားက သိပ်မကြာလိုက်ပါ။ ဦးဇင်းတဲ့ ထမင်းဆာနေပြီတဲ့၊အရက်မသောက်ရသေးလို့ သွားမစားသေးတာတဲ့။ အရက်တပုလင်းကို ၂၀ ဘတ်ပေးရတယ်၊ ဥိးဇင်းပေးတာ ၁၅ ဘတ်ဆိုတော့ ၀ယ်လို့မရသေးဘူးတဲ့ ။ တပုလင်းဖိုးပြည့်အောင် ထပ်တောင်းလာသည်။ အော်ဒါကြောင့် ဒီအဖိုးကြီးက ဒီနားမှာကပ်နေတားကိုလို့မောင်ဥာဏ်လဲ အတွေးပေါက်သွားတာပေါ့။ အကြံသမားကိုးဗျ။ မောင်ဥာဏ်လဲ မတတ်နိုင်ဘူးလေ။ မင်းက အရက်မသောက်ရသေးလို့ ထမင်းမစားတာ၊ငါတို့က ထမင်းကိုမရှိလို့မစားရတာ၊မင်းက ငါတို့ထက်ကံကောင်းပါတယ်လို့ စဉ်းစားရင်း ဒုက္ခသည်အချင်း ချင်း အနိုင်ယူလိုက်တော့တာပေါ့။ သူတောင်းတဲ့ငွေလဲ မပေးလိုက်တော့ဘူးလေ။
ကိုယ်ကဒုက္ခရောက်လို့သူ့ကိုအားကိုးရကောင်းရဲ့ဆိုပြီး စကားတပြောပြောလုပ်နေလိုက်တာ လက်စသတ်တော့သူက ပလက်ဖောင်းမင်းသားဖြစ်နေတယ်ဗျာ။ မောင်ဥာဏ်တို့ ခရီးသွားရင်း တွေ့လိုက်ရတဲ့အဖုထစ်လေးတွေကတော့ အခြောက်တွေရော၊ချိုင်းထောက်တွေရော ဖြစ်နေရော့ပြီ။ သူကဆက်ပြောသေးတယ်ဗျ။ ဦးဇင်းတဲ့ ညညဒီနားမှာ အိပ်ရတာ ခြင်အရမ်းကိုက်တယ်တဲ့။ သူ့အခြေနေက နောက်ဆုံးအိမ်မြေမရှိတဲ့လူဖြစ်နေတယ်လေ။ အထက်မှာ မောင်ဥာဏ်ပြောခဲ့သ လို နံပါတ် ၃ လွဲချော်သွားပြန်ပြီ။

မောင်ဥာဏ်တို့နှစ်ယောက်လဲ ဘန်ကောက်ကဘယ်သူတွေနဲ့ဘယ်လူတွေဆင်းလာကြမလဲ၊ ဘယ်နားရောက်လို့ဘယ် အချိန်လောက်ပေါက်လာကြမလဲ တလည်လည်နဲ့ မျော်နေရတဲ့အတွေးခန်းပြန်ရောက်သွားပြန်ပြီ။ အဖော်ဖြစ်သူကလဲ မင်းဖုန်းသွားထပ်ဆက်ကြည့်ဦးလေ။ မင်းဘဲ ဆက်တတ်တာငါကတော့မဆက်တတ်တော့ဘူး လို့ ပြောလာပြန်ပေါ့။ ပြီးတော့ မင်းသူတို့ လာတော့လာနေပြီိလို့မနက်ဖုန်းဆက်ပြောတယ်ကွ။ ခုလောက်ဆို ရောက်ခါနီးလောက်ပြီ။ ဘန်ကောက်နဲ့ တော်တော်ဝေးသေးလားလို့ဆက်ပြောနေသည်။ ဦးကောတစ်ယောက်တော့ ခွဲဘဲခွဲသလား၊ ငါးထပ်ဘဲ ပြန် ရောက်နေလား သေသေချာချာကိုမပြောနိုင်တော့ဘူး။ ဘန်ကောက်ကားသမားတွေရောက်လာမှဘဲ အတူတူသွားတွေ့ကြ တာပါ့လို့ ပြောရင်း မင်းဖုန်းသာကြိုးစားဆက်လိုက်ကွာတဲ့။ မောင်ဥာဏ်လဲ မငြင်းသာတော့။

နောက်တခေါက် လမ်းဘေးဖုန်းရှိရာသို့ လူရာထောင်ချီရှိနေတဲ့ ပန်းခြံပရိသတ်ကြားကဖြတ်သန်းရင်း ထွက်လာခဲ့ရပြန်ပေါ့။ တညလုံးရယ် တနေကုန်နီးပါးရယ်၊ရေမချိုးထမင်းမစားဘဲ နေဒဏ်ကို မိနေသူဆိုတော့ အတော်ကို ပုံကပျက်နေပါပြီ။ ခြေ ထောက်မှာစီးထားတဲ့ ပတ်တီဖြူဖြူတွေလဲ ဆေးမဆိုးရဘဲ အမဲရောင်သန်းလာပေါ့။ မောင်ဥာဏ်လဲ ဒီတခါမှ ဆက်မရရင် တော့ တော်ပြီ၊မဆက်တော့ဘူးလို့ ယတိပြတ်ဆုံးဖြတ်ထားရင်း ကြွေစိလေးများကို အဆင်သင့် ကိုင်ဆောင်လို့ ထွက်ခဲ့ရပြန် တယ်လေ။
ဘဝသံသရာ၊တနေ့တခြား၊မရပ်မနား၊တသွားတည်းသွားရတာ ဆိုတာလို အဖုထစ်သံသရာ က တရစပ်ကို ဆက်နေပါရော့ လား။ ဘန်ကောက်က အဖွဲ့တော်သားများရယ် မောလှပါပြီဗျာ။ မြန်မြန်သာ ရောက်ပါတော့လို့ စိတ်ထဲမှာ ငိုချင်းချမိလေရဲ့။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်