အဖုထစ်လေးများ အပိုင်း(၄)

    လက်ထဲက ဆိုနီဖုန်းလေး ရုတ်တရက်လွင့်စင်သွားပြီးနောက်ပိုင်း မောင်ဥာဏ်တယောက်ပြန်လည် သတိဝင်လာချိန်မှာတော့ ခါးဝတ်အောက်ပိုင်းတထည်သာ ကိုယ်မှာကျန်နေတာကို အရင်သတိထားမိတယ်။ စူးရှတဲ့ အော်ငိုသံတခုလဲ နားထဲကိုထိထိမိမိထိတ်လန့်ဖွယ်ရာ ထိုးဝင်လာခဲ့သည်။ မောင်ဥာဏ်လဲ ဘာ ကြောင့်မှန်းကို မသိသေး၊လည်ပင်းနားက စိုစွပ်စွပ်ဖြစ်နေတာကိုသတိထားလိုက်ချိန်မှာ လက်နဲ့ပွတ် ကြည့်လိုက်သည်။
လက်ဝါးပြင်တခုလုံးမည်းညစ်နေတဲ့ သွေးရောင်ညစ်ညစ်တွေကိုစတင်သိလိုက်တဲ့အခါမှာတော့ ဟာ- ကား-ကား မှောက်ပြီလို့လဲ နှတ်ကရေရွတ်ရင်း ကုန်းရုန်းထလိုက်ပါတယ်။ ခေါင်းတွေလဲပူလာတာကို ခံစားလိုက်ရတယ်။ မောင်ဥာဏ်လွင့်စင်ရောက်သွားတဲ့နေရာကား စပါယ်ယာထိုင်နေတဲ့ ကားတခါး အတက်နေရာဖြစ်သည်။ ခန္ဒာ ကိုယ်ပေါ်ကတပိုင်းစီကျလာတဲ့ ကားမှန်စ၊သံစတွေကိုလဲ ခါလိုက်မိတယ်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်တော့လဲ မှောင်မဲနေတာကလွဲလို့ ဘာကိုမျှထင်ထင်ရှားရှားမတွေ့ရ။ လူသံတွေ၊ ငိုသံတွေ၊ဟစ်သံတွေကလဲ အစုလိုက်အပြုံလိုက် ထွက်လာပြီ။ အသံမျိုးစုံကြားက မောင်ဥာဏ် အဖော်တ ယောက်အသံကို နားစွင့်လိုက်မိတယ်။ မောင်ဥာဏ် မောင်ဥာဏ်ဟု တရစပ်ခေါ်သံကလဲ ဆက်တိုက်ဝင်လာ သည်။ အသံကထင်းရှားပါသည်။ ကားတစ်စိးလုံးမှ ဗမာစကားသံဆိုလို့ မောင်ဥာဏ်တို့သုံးယောက်သာ ပြောဆိုသည်ကားသေချာသည်။ စကားသံလာရာနောက်ကိုလိုက်ရှာကြည့်လိုက်တော့ ကားရှေ့အောက်က ခေါ်သံဖြစ်သည်။ ဦးကောမရှိဘူး၊မတွေ့ဘူးလို့လဲ ပါးစပ်ကတဖွဖွအော်နေသူကား မောင်ဥာဏ် အဖော် တစ်ယောက်ဖြစ်တော့သည်။ မောင်ဥာဏ်လဲ ပြာပြာသလဲသူနဲ့ပူးပေါင်းရှာရတော့တယ်။ အော်နေသူအဖော် ကို မှောင်ပျပျမိးရောင်နဲ့ယှဉ်ကြည့်လိုက်တော့ တကိုယ်လုံးသွေးတွေနဲ့ ကာလာခြယ်ထားတာကို ကောင်း ကောင်းတွေ့လိုက်ရသည်။ ဘယ်ကနေဘယ်လိုကားရှေ့ကျော်ထွက်ပြီး အောက်ရောက်နေပါလိမ့်လိုလဲ စဉ်းစားလိုက်မိသေး။ သွေးတွေဖြာထွက်နေတော့ မောင်ဥာဏ်လဲ သူ့ကိုဘာဖြစ်သေးလဲ မေးလိုက်တယ်။ ရတယ် ရတယ်၊ငါဘာမှမဖြစ်ဘူး၊ဥိးကောသာရှာလို့သူက ပြန်ပြောလာလို့ အားရှိလိုက်သည်။ မောင်ဥာဏ်က တော့ လည်ပင်းမှာသွေးစွမ်းနေတယ်၊ခေါင်းတွေပူတယ်၊ဒီလောက်ဘဲ ကိုယ့်ကိုသတိထားမိတယ်။ ကိုယ်မှာလဲ အတွင်းဝတ်အင်္ကျီတထည်နဲ့ဆိုတော့ နယ်မြေကအအေးဒဏ်ကို အံမတုနိုင်တော့ပေ။ အော်သံ၊ငိုသံတွေ ကြားက အင့်အင့်အသံတခုရုတ်တရက် ပိန်ရှုံ့သွားတဲ့ကားခေါင်းတွင်းအသံကို သိလိုက်သည်။ ဟာ ဦးကောဒီမှာ၊ဒီမှာဆိုတဲ့စကားနောက်တော့ နှစ်ယောက်သားဝိုင်းထူသည်။ပိနေတဲ့ ထိုင်ခုံသံတန်းကိုဖယ် လိုက်သည်။ အမှောင်ထဲမှာဆိုတော့ ဘယ်နေရာကဘယ်လိုမှန်းမသိ၊လူကတော့လုံးဝ လုံးဝကိုမလှုပ်၊ အင့်အင့် အသံသာထွက်နေသည်။ ကရောင်ခြောက်ခြားဖြစ်နေတဲ့ကြားကအမှုမဲ့ မောင်ဥာဏ် ပြောလိုက်သေးတယ်။ ဥိးကော ထထ လို့ ပြောလိုက်မိသေးတယ်။ တကယ်တော့မထနိုင်ပါ။ နှစ်ယောက်မ-ထုတ်တာပင် မရပါ။ နောက်ဆုံး အားကုန်ယူပြီး မ-တင်လိုက်ရပါတော့သည်။
             လာအိုခရီးတွင်းအဖုထစ်လေးတွေကတကယ်တော့အဖုထစ်ကြီးများပင် ဖြစ်လာပါပြီ။ ကားတစီးလုံးမှ ထွက်ပေါက်ဆိုလို့ ကားဒရိုင်ဘာ တက်တဲ့တပေါက်သာကျန်တော့သည်။ နာကျင်သူကော၊မနာသူကော ဒီအပေါက်ကိုသာအားပြု တိုးဝှေ့ဆင်းနေကြသည်။ ဗြောင်းသတ်နေတဲ့ ဆူသံ၊ငိုသံတွေကလဲ ဗလ၀ဘဲ။ စကားတွေကလဲ အမျိုးမျိုးပေါ့။ ထိုင်းသံကော၊အင်္ဂလိပ်အသံတွေကော၊ရောထွေးနေတာဘဲ။ ကားပေါ်မှာလဲ မောင်ဥာဏ်တို့လို လာအိုဗီဇာပြန်တွေက ဒူးနဲ့ဒေးဆိုတော့ အခုလိုကားမှောက်ချိန်မှာတော့ အသံမျိုးစုံကို ကြားလိုက်ရတာ ထူးဆန်းဖွယ်ဖြစ်စရာမဟုတ်တော့ပါ။ မောင်ဥာဏ်တို့အဖော်သုံးယောက်ထဲက တယောက်သာလှုပ်လှုပ်ရှားရှားမရှိဖြစ်နေသည်။ မောင်ဥာဏ်တို့ကတော့ နာတော့နာသည်၊ပူနေတဲ့အတွက် ဒဏ်ရာကရှာမရသေးပါ။ လူတွေအားလုံးအမှောင်ထုထဲမှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေ၊ဆင်းနေကြချိန်မှာ အရေးပေါ်ကားသံက ခရိးသည်အားလုံးရဲ့ဘ၀င်ကို လွမ်းခြုံသွားပါတော့သည်။ မောင်ဥာဏ်တို့လဲ ဦးကော ကို ကားလမ်းဘေးသို့မတင်ပြီးကျနေတဲ့လူတွေ၊အော်ဟစ်နေတဲ့လူတွေကိုလဲ နောက်တခါပြန်ကူညီနေမိသေး တယ်။ အရေးပေါ်ကားတွေကလဲ ပလူပြန်လို့၊ရဲကားတွေကလဲမီးတ၀င်းဝင်း၊သတင်းသမားတွေကလဲ ဓါတ်ပုံတပြက်ပြက်နဲ့။ မကြုံဘူး၊မဆုံဘူးတဲ့ ဘုံဘ၀ကိုတခုကို ရုတ်တရက်ရောက်သွားသလိုဘဲ ခံစားနေမိတယ်။ ကြက်ခြေနီတွေက ဦးကော ကိုဝိုင်းဝန်းလို့ အရေးပေါ်စစ်ဆေး၊အခြားလူနာတွေကိုလဲ စစ်ဆေး၊ကယ်ဆယ်ရေးကားပေါ်ကို ထိုးတင်၊ထွက်သွားတဲ့ကားတွေကလဲ အမြန်နှုန်းနဲ့မောင်းထွက်သွားပေါ့။ ခရီးသည်တွေထက်ဝက်နီးပါးကားပေါ်၊လမ်းပေါ်ရောက်သွားချိန်မှာတော့ကယ်ဆယ်ရေးသ မားလေးတ ယောက်ကမောင်ဥာဏ်ကိုအတင်းဆွဲခေါ်လို့ထိုင်ခိုင်းပါတော့သည်။ ထိုင်လိုက်သည်နဲ့ ဆေးဆရာလေးက ခေါင်းကိုအတင်းငုံ့ခိုင်းလို့ အဆင်သင့်ပါလာတဲ့ဂွမ်းတွေ အရက်ပြန်တွေနဲ့ပွတ်တိုက်လိုက်တော့မှ အား ငါ့ခေါင်းကသွေးတွေပါလား၊လည်ပင်းကိုစီးကျနေတာ ခေါင်းကပါလား သိလိုက်တယ်။ အရမ်းကို ရင်ထိတ်သွားရပါတယ်။ ဆေးသမားကယ်ဆယ်ရေးကောင်းလေးက တကိုယ်လုံးလိုက်လံစီစစ်ပြီးချိန်မှာတော့ မီးတ၀င့်ဝင့်နဲ့တခါးဖွင့်စောင့်ဆိုင်းနေတဲ့ကားပေါ်သို့ထိုးတင်လိုက်ပါတော့သည်။ဘယ်သူက ဘယ်ကိုသွားမှန်း လဲမသိ၊ တအားအော်ငိုနေတဲ့ ယိုးဒယားမလဲ ဘယ်ပျောက်သွားမှန်းမသိ။ မောင်ဥာဏ်တို့ကားပေါ်မှာတော့ အမေရိကဧည့်သည်ရယ်၊မောင်ဥာဏ်အဖော်သူငယ်ချင်းရယ်စုစုပေါင်းမှ သုံးယောက်သာပါလာသည်။ ကားမှောက်မှန်းလဲသိသည်။ ဘယ်နေရာ၊ဘယ်အချိန်၊ဘယ်ဆေးရုံ၊ ဘယ်မြို့ဆိုတာတွေ လုံးဝလုံးဝကို သတိမထားမိတော့။ဆေးရုံသို့မရောက်ခင်စိတ်အထင်တော့ ဘန်ကောက်နဲ့မလှမ်းမကမ်းဟုတွေးထင်နေ မိတယ်။ဘန်ကောက်နဲ့မဝေးရင်တော့သူငယ်ချင်းတွေသတိရရင်းပြဿနာမရှိဘူးလို့လဲ တဖက်ကတွေး လိုက်သေး။ သေချာတာတော့ ကယ်ဆယ်ရေးကားပေါ်မှာ ဆေးရုံမရောက်ခင် အားကိုးရာကို ရှာနေမိတာဘဲ။ အဖော်တယောက်က တခြားကားနဲ့ပါသွားတာဆိုတော့ ဆေးရုံရောက်ရင် တွေ့ရမယ်လို့လဲ မျော်လင့်ထားတယ်။ ပါးမှာကွဲအက်သွားတာလောက်သာ သတိထားမိလိုက်တယ်။ ထူးခြားတဲ့ စိုးရိမ်စရာကို လားလားမျှ မျော်လင့်မထားမိပါ။ 
         သောကတွေ၊အတွေးတွေ၊ပူဆွေးမှုတွေ၊နာကျင်မှုတွေကို စုစည်းလို့ခံစားနေရင်း ကားလေးကထိုးရပ် လိုက်ပါတော့သည်။ ကားတခါးဖွင့်လိုက်သည်နဲ့ အဆင်စောင့်ကြိုနေတဲ့ တွန်းလှည်းကုတင်လေးရယ်၊ ၀ီးလို့ ခေါ်တဲ့ဆေးရုံလှည်းလေးရယ် ကိုယ်စီ အသင့်တက်ထိုင်လိုက်ရပါတော့သည်။ သွားဖို့မကောင်းဆုံး နေရာ တခုအပါဝင်ဖြစ်တဲ့ ဆေးရုံအတွင်းသို့ရောက်မှန်းမသိ ရောက်သွားရပါတော့တယ်။ မောင်ဥာဏ်ကား သိပ် ဆိုးဝါးလှတဲ့ ဒဏ်ချက်ပါမလာခြင်းကြောင့် ပတ်ဝန်းကျင်ကို ပက်လက်ကုတင်ပေါ်က ငေးလို့ရသလောက်ငေး လိုက်သေးတယ်။ ဆေးရုံအမည်ထိုးထားတဲ့ စာတန်းငယ်ကို ကြိုးစားဖတ်ကြည့်နေရင်းက အဖြေထွက်မ လာပါ။ ဘယ်နေရာမှန်းကို မသိတော့ပါ။ ထိုင်းစာကလဲ က-ကြီး၊ခ-ခွေးပင် အလွတ်မရတဲ့အဆင့်ဆိုတော့ ပိုဆိုးတာပေါ့။ ဘေးနားကုတင်က အဖွားကြီးကလဲ အော်ဟစ်ရင်း ဝေဒနာကို အံကြိတ်ခံစားနေပုံပေါ်သည်။ သူ့ဘေးမှာလဲ ဆရာဝန်သုံးယောက်လောက်ဝန်းရံလို့ပါ့။ မကြာခင်မှာဘဲ မောင်ဥာဏ်အနားသို့ ဆရာဝန် လေးရောက်လာပြီး ဆေးမှတ်တမ်းစတင်ပါတော့သည်။ ဟိုဘက်လှည့်ချက်၊ဒီဘက်လှည့်ချက်နဲ့တကိုယ် လုံးပြီးဆုံးသွားချိန်မှာတော့ မောင်ဥာဏ်ခေါင်းတွင် ကြိုးစလေးသီကုံးလိုက်တာဘဲ ကြွင်းပါတော့တယ်ဗျာ။ မောင်ဥာဏ်ကိစ္စလဲ ပြီးဆုံးသွားရော အဖော်တယောက်ရဲ့အလှည့်ဆိုပါတော့။ သူလဲ သိပ်မကြာလိုက်ပါ။ ဆောင်းတွင်းခြုံတဲ့စောင်လောက်သာ မလုံပေမယ့် ပတ်ပေးလိုက်တဲ့ ဖွေးဖွေးပတ်တီးစတွေက တကိုယ်လုံးနီး ပါနဲ့ မြင်လိုက်ရပါတော့တယ်။ နှစ်ယောက်သားပတ်တီးကိုယ်စိနဲ့ ဆေးရုံပရ၀ုဏ်အတွင်း တီဗွီရှေ့မှာထိုင်ရင်း အဖော်ဦးကောအတွက် ခန့်မှန်းနေကြရတာပေါ့။ ဘယ်ကိုပါလို့ ဘယ်အခြေနေမှန်းမသိရပါ။ ဆေးရုံမတူ လောက်ဘူးဆိုတာတော့ သတိထားမိလာပါပြီ။ အတွေးစခန်းနယ်ချဲ့နေချိန်မှာဘဲ တညနေလုံးသောက်လာတဲ့ ရေကဇာတိပြလာပါပြီ။ လူလဲ သွေးနဲနဲအေးစပြုလာတာနဲ့ ကျင်ငယ်စွန့်လိုစိတ်က ထကြွလာခဲ့တော့သည်။ အနီးဆုံးမှာအဆင်သင့်ရှိနေတာကြောင့် အပေါ့သွားနေရင်းက အင်း ငါ ဘန်ကောက်ကိုဆက်သွယ်ကို ဆက်သွယ်မှရတော့မယ်ဆိုတဲ့ အသိပေါ်လာပါတော့သည်။ ဒါနဲ့မောင်ဥာဏ်လဲ နပ်ဆရာဝန်မလေးတစ် ယောက်ကို သတိထားနေမိတယ်။သူအားတာနဲ့ဖုန်းငှားဖို့ကြိုးစားကြည့်ပါတယ်။ ခဏစောင့်ပါလို့တုန့်ပြန်ခြင်း ကြောင့် အဆင်ပြေတယ်လို့ပြောလို့မရပါ။ မောင်ဥာဏ်က စိတ်စောနေလို့လားမသိ၊မစောင့်နိုင်တာကြောင့် တီဗွီရှေ့ထိုင်နေတဲ့ ယိုးဒယားမလေးထံ မရှက်နိုင်မကြောက်နိုင် ဘတ်ငွေတစ်ရာတန်လေးပြပြီး ငါးမီးနစ် လောက် ဖုန်းဆက်လိုကြောင်း အကူညီတောင်းရပါတော့သည်။ ယိုးဒယားမလေးက ဖုန်းကိုတော့မပေးငှား ပါ၊စကားတခွန်းမှပြန်မပြောဘဲ သူ့အိပ်တွင်းက ကြွေစိလေးတွေထုပ်ပြီး မလှမ်းမကမ်းမှာရှိတဲ့ TOT ဖုန်းလေး ကိုညွန်ပြပါတော့သည်။ စိတ်ထဲကတော့ ကျေးဇူးတကယ်တင်နေမိသည်။ မောင်ဥာဏ်တစ်ယောက် အင်အား အပြည့်နဲ့ ဘန်ကောက်ကို အကြောင်းကြားဖို့ ဖုန်းလေးနားရောက်လာသည်။ ဆက်မယ်လို့ ကြွေစိကိုထည့်ပြီး ဖုန်းခွက်ကိုကိုင်လိုက်တော့ ဘယ်နံပါတ်နှိပ်ရမှန်းမသိဖြစ်သွားတယ်။ လူက ကြောင်တောင်တောင်ဖြစ်နေ သည်မှာ တကယ်ပါ။ စဉ်းစားရင်း မောင်ဥာဏ်ကို အဖော်လိုက်ပေးဖို့ထည့်လိုက်တဲ့ ဆရာ့ဖုန်းကိုပြေးသတိရ လိုက်မိတယ်။ အတင်းဘဲ နှိပ်ခေါ်လိုက်တော့ စင်တာက ဖုန်းပိတ်ထားခြင်းဖြစ်ကြောင်းသာ အကြောင်းပြန် လာသည်။ ခြေထောက်က ဒဏ်ရာကိုငုံ့ကြည့်ရင်း အတော့်ကိုအားငယ်စိတ်ဖြစ်သွားရတယ်။ စဉ်းစားရင်း မျက်ရည်ပါတဆက်တည်း ကျမှန်းမသိကျလာမိတယ်။ နောက်ဆုံး သတိရလိုက်တာတော့ မိမိကိုင်နေတဲ့ ဆိုနီဖုန်းလေးကိုပါ။ နောက်ဆုံးဆက်ရင်း မထင်မှတ်ဘဲ ပျောက်ကွယ်သွားတဲ့ အရင်နှိးဆုံးမိတ်ဆွေကို သတိရလိုက်တာ။ ရုတ်တရက်ဖုန်းပြတ်သွားလို့များ စိတ်ဆိုးပြီးပိတ်ထားလေမလား၊အလုပ်နားချိန်ကြာပြီမို့ အိပ်လို့များနေတော့မလားနဲ့အတွေးများရင်း တော်တော်နဲ့ဖုန်းကို ပြန်မနှိပ်ဖြစ်။ အိုးမဖြစ်ပါဘူး၊ဆက်မှကိုရ မယ်လို့ဆုံးဖြတ်လိုက်ပြီး ယိုးဒယားမပေးတဲ့ ကြွေစိလေးကို အတင်းထည့်လိုက်သည်။ခေါ်လိုက်သည်နဲ့ တူတူဆိုတဲ့အသံကိုကြားလိုက်ရတော့ အူလှိုက်သဲလှိုက်ကို ပျော်ရတယ်။ သူလဲဟလိုလို့ကိုင်လိုက်ချိန်မှာ တော့ ကိုယ်ဖြစ်ချင်တာတွေကို အသိပေးပြောရင်း ကိုယ့်မှာရနေတဲ့ဒဏ်ရာတွေ တ၀က်သက်သာသွားဟန် ဖြစ်လာခဲ့တယ်လေ။ ဖုန်းလေးခဏပြောပြီး သူငယ်ချင်းအနားကိုပြန်လာတော့ သူငယ်ချင်းကလဲ နောက်ကို အဆက်သွယ်ရကြောင်း သိလိုက်ရတယ်ဆိုရင်ဘဲ အတော်ပေါ့သွားဟန်တွေ့လိုက်ရသည်။ အဖုထစ်လေး တွေက မသေးတော့ပါ၊ပိုပိုလို့သာ ကြီးလာတော့တာကိုတွေးရင်း ခရီးသွားတွေရဲ့ ရင်ဆိုင်ကြုံတွေ့စရာ မလွဲဧကန်ဘုရားစကားတော်မြန်မာပြန်လေးကို အမှတ်ရလိုက်မိတယ်ဗျာ။
              အသက်စီးစိမ် ခန္ဓာအိမ်ကား၊
              တိမ်တခဲနက် ကြည့်ရင်းပျက်သို့၊
              မျက်စိအောက်တွင် ပျောက်လွင်စင်၏၊
              သင်္ခါရစက် သူ့ပိုင်နက်၌၊
              သွက်လည်ကာ ပါရရှာသည်၊
              ခန္ဓာ အနိစ္စပါတကား၊
              ခန္ဓာ ဒုက္ခပါတကား၊
              ခန္ဓာ အနတ္တပါတကား -ဟူပင်ဖြစ်တော့သည်။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်