အဖုထစ်လေးများ အပိုင်း(၁၃)


အဖုထက်လေးများ ခရီးနှင်လာတာ လေးရက်မြောက်သို့ပင် ရှိလာပေါ့။ မောင်ဥာဏ်တို့လဲလူလုံးပျောက်ခါနီးရောက်ပြီး ပြန်လို့အသက်ဝင်လန်းဆန်းလာတာ သုံးနာရီခန့်ရှိလာပြီး ချိတ်ချိတ်တောက်ပူနေတဲ့ မဟာနေမင်းကြီးလဲ နှတ်ဆက်သရောင်သန်းခဲ့ပြီ။
မောင်ဥာဏ်တို့ ကားလေးသည် ရဲစခန်းရှိရာသို့ ဆက်လက်ထွက်ခါရော့ပြီ။ မကြာလိုက်ပါ၊ စခန်းသို့ရောက်ခဲ့တော့သည်။ အသဲထိတ်စရာမြင်ကွင်းတခုကတော့ စခန်းမှုးရှေ့ရောက်လိုက်တာနဲ့ ခပ်ဝဝလူတယောက်ထိုင်နေတာကိုတွေ့လိုက်ရခြင်းပါဘဲ။ သေချာပါပြီ၊ဒီလူကား ကားကြီးကိုမောင်းနှင်တဲ့ ဒရိုင်ဘာ လူကြီးပင်ဖြစ်သည်။ အသဲထိတ်တယ်ဆိုခြင်းက ဒေါသတွေနဲ့ မွန်ထူနေတဲ့ မကြေနပ်စိတ်တွေက လှုံ့ဆော်ပြီးလှ့န်နှိုးလိုက်တဲ့ ထိတ်လန့်ခြင်းတွေပါဘဲ။

အားလုံးကိုမျိုသိပ်ရင်း သူ့ကိုအရေးတယူစကားပြောလိုက်ရသေးတယ်။ သူ့ကလဲ စောစောပိုင်းတော့မျက်နှာက ကြောက်ရွံနေဟန်ပါ။ မောင်ဥာဏ်တို့တသိုက်က စကားစမြည်ပြောမှဘဲ ပြုံးတဲ့အသက်ဝင်လာပါတယ်။ သူအပြောတော့ အိပ်ငိုက်သွားတယ်။ နှစ်ယောက်မောင်းနေကြပါ။ အဖော်ဖြစ်သူက အိပ်ချင်နေလို့သူဘဲဆက်မောင်းရင်း ဖြစ်သွားတာပါ။ တကယ်တော့ ဒီလူဟာ ကားမထွက်ခင်တည်းက ဘီယာဘူးနဲ့ နှစ်ပန်းလုံးနေတာကို အားလုံးအသိပါဘဲ။ ကဲ ရှိစေတော့လေ။ စခန်းတွင်းမှာ ရှင်းစရာရှိတာတွေရှင်းနေရင်းက စခန်းမှုးထံက ခဏစောင့်ပါဦး လို့အသံထွက်လာခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ကားပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်လာမည်ဖြစ်လို့ပါ။ မောင်ဥာဏ်တို့အဖွဲ့မျော်လင့်နေတဲ့ ဦးတည်ချက်ဖြစ်တော့ စခန်းမှုးကိုကျေးဇူးတင်စကားပြောပြီးထိုင်စောင့်နေလိုက်ကြပါတယ်။ နာရီဝက်ခန့်ကြာသော် ရောက်လာပါတယ်။ ဘုန်းကြီးသုံးပါးကားမှောက်စာရင်းမှာ မပါသေးတဲ့အကြောင်းပြောရတော့တယ်။ ကိုယ်စားလှယ်လေးက စာရွက်စာတမ်းတွေကို ကောပီယူပြီးအားလုံးအဆင်ပြေအောင်ဆောင်ရွက်မှာဖြစ်ကြောင်း၊သူ့ လိပ်စာကဒ်နဲ့ဆက်သွယ်နိုင်ရန်ဖုန်းတို့ကိုပါ တခါတည်းပေးပြော ပြောလိုက်လို့အတန်အသင့်တော့ ရင်ပေါ့ခဲ့ရတယ်။

မောင်ဥာဏ်တို့အဖွဲ့လဲ အချိန်ကလင့်နေပြီမို့ ဆွေးနွေးသင့်တာဆွေးနွေးပြီးချိန်
ဆေးရုံသို့ခရီးဆက်ရတော့သည်။ ဆေးရုံမှာကျန်နေခဲ့တဲ့ သူငယ်ချင်းတွေလဲ စောင့်နေရတာအီနေပြီဆိုတော့ မောင်ဥာဏ်တို့ကားရောက်လာတယ်ဆိုရင်ဘဲ အခြေနေများကိုမေးပြီး ပြန်ဖို့တိုင်ပင်ကြရပြန်တယ်။ မပြန်လို့တော့မဖြစ်ပါ။ မနက်ဖန်ရောက်ပြီဆိုတာနဲ့ မပြီးဆုံးသေးတဲ့ မြန်မာကျောင်းသားများ၏အဖွဲ့အစည်းဝေးက သတ်မှတ်ရက်နေရောက်နေတယ်လေ။အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က မောင်ဥာဏ်တို့ထံလိုက်လာပြီး ဦးစီးဦးဆောင်ပြုနေရတယ်။

အစည်းဝေးက သူမပါလို့မဖြစ်ပါ။ ပြန်ကြဖို့ကို စာရင်းကောက်လိုက်တော့ သူသူကိုယ်ကိုယ် တာဝန်ကိုယ်စီ၊ကျောင်းကိုယ်စီနဲ့ဆိုတော့ မောင်ဥာဏ်တို့ကားမှောက်တဲ့ သူငယ်ချင်းသုံးယောက်ဘဲ ဒီနေရာမှာနေရစ်ဖို့ အလှည့်ကျလာပြန်ပါတယ်။ မောင်ဥာဏ်ကတော့ တကယ်ကိုပြန်ချင်နေပါတယ်။ ဆေးရုံရဲ့အငွေ့သက်တွေကို ခါသီးနေချိန်ဆိုတော့ မြန်မြန်ကိုဆေးရုံနဲ့အဝေးဆုံးကို ထွက်သွားချင်နေတာပါ။ ဒါပေမယ့် ကိုယ့်မှာက သက်သာတယ်လို့သာပြောရတယ်။ ကိုယ့်ကိုတော့ယုံကြည်မှုမထားနိုင်သေးပါ။ မမြင်သာတဲ့နေရာက ဒဏ်ရာတွေကို ကာယရှင်သာသိနိုင်တယ်လေ။ ရောက်လာတဲ့ အဖွဲ့တွေကလဲ လိုအပ်ချက်တခုမှမရှိအောင်ဖြည့်တွေးတတ်ကြပါတယ်။ ဒီတိုင်းတော့လှည့်ပြန်လို့မရသေးဘူး မောင်ဥာဏ်ရေတဲ့။ ဆေးနဲ့ပတ်သက်တာ၊လုပ်စရာရှိတာတွေလုပ်ပြီးမှ ပြန်တာအကောင်းဆုံးဘဲလို့ သုံးသပ်ပေးကြပါတယ်။ ဒီလိုနဲ့ဘဲ မောင်ဥာဏ်လဲ တညတာခရီးကိုကျော်လွန်နိုင်ဖို့ ဆေးရုံတည်ရှိရာမြို့မှာဘဲ ကျန်နေခဲ့ရပြန်ပြီ။ စိတ်ဓါတ်ကား အတော်ကိုကျနေပါပြီ။ ကျောင်းသားအဖွဲ့လဲ မောင်ဥာဏ်တို့ကိုယ်မှာ နှစ်ရက်လောက်ရေမချိုးရတာရယ်၊ မအိပ်ရတာရယ်တို့ကို ပြန်လည်အစားထိုးနိုင်ဖို့ ဟိုတယ်သို့ ပို့ဆောင်ပေးရင်း အားလုံးအဆင်သင့်ဖြစ်သွားပြီဆိုတာနဲ့ ဘန်ကောက်သို့ထွက်ခွာသွားကြပါပြီ။

မောင်ဥာဏ်တို့နှစ်ယောက်လဲ ဟိုတယ်ပေါက်စမှာ ကောင်းကောင်းအနားယူမယ်လို့ဆုံးဖြတ်လိုက်တယ်။ ဟိုတယ်ရောက်တော့ စိတ်ကူးနဲ့ ရည်မှန်းချက်တွေနောက် လူက မလိုက်နိုင်တော့ပါ။ နှစ်ယောက်သားရေချိုးလိုက်တယ်။ ပြီးလျင်  မနေ့ညတည်းကစီးထားတဲ့ ပတ်တီးအဟောင်တွေကိုဖြေဖို့ ဆေးရုံသို့ဆိုင်ကယ်ငှားပြီး သွားရပြန်ပါတယ်။ ဆေးရုံရောက်တော့ မောင်ဥာဏ်တို့အခန်းတွင်းမှာစကားအနည်းငယ်ပြောပြီး ဆရာမလေးတွေက အရင်ကြည့်ရှုစစ်ဆေးပြီးဆေးထည့်ပေးလိုက်တယ်။ ငါးထပ်ကိုတက်ပြီး ဦးကော ထံ သွားတွေ့ဖို့အချိန်ကမရှိတော့ပါ။ ဒါနဲ့ဘဲ အနားယူတော့မယ်လို့ကြံထားသည့်တိုင်း ဟိုတယ်သို့ပြန်လာကြပါတယ်။ တကယ်တော့ ရေချိုးပြီးချိန်တည်းက လူကအတော်ကိုချမ်းတုန်နေပါပြီ။ အခန်းတွင်းအဲယားကွန်းဖွင့်လိုက်တော့ ခိုက်ခိုက်တုန်အောင် ချမ်းပါတော့တယ်။ နှစ်ယောက်လုံးစောင်ခြုံပြီး ကြိုးစားနေကြည့်သေးတယ်။ အအေးဒဏ်ကိုမခံစားနိုင်တော့ပါ။ မောင်ဥာဏ် အအေးကြိုက်တာ ဒီနေ့တော့ မရတော့ပြီ။ ဒါနဲ့ ခလုပ်ကိုထပိတ်လိုက်ပြီး ပြန်နေလိုက်ရပါတယ်။

မောင်ဥာဏ်အဖော်ကတော့ ချမ်းနေတဲ့ကြားကဘဲ ရနောင်းကနေ တက်လာမယ့် လူတွေနဲ့ ဖုန်းခဏ အဆက်သွယ်လုပ်နေသေးပေါ့။ ရနောင်းကလူတွေလဲ ညနောက်ကျချိန်မှရောက်မှာဆိုတော့ ဆေးရုံကိုသွားဖို့ အဆင်မပြေနိုင်တော့ပါ။ မောင်ဥာဏ်လဲ ကောင်းပါတယ်။ အေးဆေးအိပ်ကြတာပေါ့လို့သာ ပြန်ပြောနိုင်တော့တယ်။ နှစ်ရက်လောက်နွမ်းနယ်လာတဲ့ ပင်ပန်းမှုက လူကို အိပ်မောကျသွားစေတော့တာပေါ့။ တညလုံး တရေးပင်မနိုးတော့ပါ။ မောင်ဥာဏ်အိပ်နေတဲ့ ဟိုတယ် ဘယ်ဘက်ကိုဘယ်လိုလှည့်၊ဘယ်ပုံစံတည်နေတယ်ဆိုတာပင် မသိနိုင်တော့၊ဆေးရုံနဲ့သိပ်မဝေးဘူးဆိုတာလောက်သာ သတိထားနိုင်လိုက်တော့တယ်။

ကလိန်ကလိန် ဆက်တိုက်အော်နေတဲ့ တယ်လီဖုန်းသံကြောင့် မျက်စိမဖွင့်ခင်ဖုန်းကိုစမ်းရမ်းကိုင်လိုက်တယ်။ အသံက ဦးဥာဏ် နိုးနေပြီလား၊ မသန္တာတို့ အိမ်ကိုမရောက်သေးဘူးနော် ဆိုတဲ့အသံကြားလိုက်တယ်။ ခရီးမဆုံးတဲ့အသံကိုကြားလိုက်ရတာနဲ့ မျက်လုံးပြူးသွားတယ်။ ဟာ ဘာဖြစ်လို့လဲ၊အခု ထိဘန်ကောက်မရောက်သေးဘူးလား ပေါ့။ ကားနဲ့သွားပြီးခရီးမဆုံးတဲ့အသံကြားရရင်ကို ရင်တုန်နေပါပြီ။ သူတို့တွေမနေ့က တောင်းအစ်ကားလေးနဲ့ ပြန်သွားတာ ခုထိမရောက်သေးဘူးဆိုတော့ သေချာပြီ တခုခုပေါ့။

လူက လန့်နေပါပြီ၊ ခြောက်လှန့်ထားတဲ့အိပ်မက် စိတ်ထဲမှာ လုံးဝ မပျက်ပြယ်သေးချိန်၊ ငါ့အတွက်လာတဲ့သူတို့ပါ ဘာဖြစ်ပြန်ပြီလဲပေါ့။ နံရံကပ်နာရီကို တချက်ကြည့်လိုက်တော့ မိုးလင်း ၈ နာရီပင်ထိုးနေပြီ။ သူ့ကိုထပ်မေးရသည်။ ဘာဖြစ်လို့မရောက်တာလဲပေါ့။ ဟုတ်တယ် ညက ညီမလေးအိမ်မှာဆင်းပြီး အိပ်နေခဲ့တာ၊ ဦးဥာဏ်စိတ်ပူနေမယ်ဆိုတာသိလို့ ဖုန်းမဆက်တော့တာ။ အခုအေးဆေးပါ လို့ပြောတော့ မောင်ဥာဏ်မယုံကြည်နိုင်သေးပါ။ မသန္တာက သူ့ညီမကို ဖုန်းပေးပြောခိုင်းတော့မှ စိတ်ထဲ သက်သာရာရသွားတယ်။ အော် ဆိုတဲ့ အသံနဲ့ ဖုန်းချလိုက်ရတော့တယ်လေ။ ၈ နာရီလဲ ထိုးနေပြီဆိုတော့ အိပ်ယာကထလက်စတိုင်း ထလိုက်ပြီး ရေမိုးချိုးကြရင်း ဖုန်းတလုံးက ဝင်လာပြန်ပါတယ်။ ညကရောက်တဲ့ ရနောင်းအဖွဲ့တွေ ဆေးရုံသွားဖို့ အကြောင်းကြားလာတာပါ။

အေးလေ ဒါဆိုလဲ သွားကြတာပေါ့လို့ ပြောပြီး အခန်းတံခါးကို ပိတ်လိုက်ကြတယ်။ ဟိုတယ်အောက်ရောက်တာနဲ့ စီးကရက်တစ်ဘူးရယ်။ ကောဖီရယ် ဝယ်လိုက်ကြပြီး ဧည့်ခန်းမှာနှစ်ယောက်သား ဆိုင်ကယ်စောင့်ရင်း စကားလက်ဆုံကြလိုက်မိသေးတယ်။ ဆေးရုံမှာလဲ ရနောင်းက မြို့နယ်ဆရာတော်ကြီးရော၊စကားကျွမ်းကျင်တဲ့ဒကာရော ဆိုတော့ မပြေလည်စရာအကြောင်းမရှိနိုင်တော့ မောင်ဥာဏ်တို့လဲ အေးဆေးဖြစ်သွားပါပြီ။

စီးကရက်ဖွာရှိုက်ပြီးချိန်သုံးဘီးဆိုင်ကယ်လေးရောက်လာတာနဲ့ ဆေးရုံသို့ ဦးတည်လိုက်ကြတယ်။သုံးဘီးဆိုင်ကယ်ပေါ်မှာ မောင်ဥာဏ်တယောက်အတွေးတွေ၊သတိတွေ မိုးပျံနေပါတယ်။ မြတ်စွာဘုရားမိန့်မှာထားသလို လူ့ဘဝကနေ ကွယ်လွန်ခဲ့သော်လူဘုံပြန်ဖြစ်ဖို့မလွယ်ကူတာတွေပေါ့။ လမ်းဘေးဝဲယာမှာ မြူးစစ်လေးတွေသီဆိုညီးညူနေတာတွေ၊ ဆေးရုံမှာ ဗြောင်းသတ်အောင်အော်ဟစ်နေတာတွေ ချိန်ထိုးနေခဲ့တယ်။ လူတယောက်ကွယ်လွန်ချိန် နောက်ဘဝအတွက် ကျန်ခဲ့တဲ့မိသားစုဆွေမျိုးတွေက ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာလဲ အမှောင်ထဲမှာ ခဲနဲ့ပစ်သလိုပါဘဲ။ တည့်ချင်လဲ တည့်သွားမယ်၊လွဲသွားဖို့လဲ ရှိနေတဲ့အကြောင်းတွေ တွေးတောနေမိတယ်။ မသေခင်ကသာ ပြုပြင်နေထိုင်ဆောင်ရွက်တာ ကိုယ့်ရဲ့အရိပ်မှန်၊အရိပ်စစ်ပါဘဲ။

ကားကြီးလမ်းဘေးထိုးသွားစဉ်က ငါသာ လက်ရှိဘဝကို ကျော်လွန်သွားခဲ့ရင် ငါအတွက်အရိပ်စစ်ဘာတွေများပြင်ဆင်ထားမိသလဲ၊အဖုထစ်တခါးလေးတွေကတော့ ဘဝခရီးတခုနှင်နေသမျှ ပွင့်ပြီးရင်းပွင့်နေမှာဘဲနော်။ သုံးဘီးဆိုင်ကယ်လေး ဆေးရုံရှေ့ထိုးရပ်သွားချိန်မှဘဲ အတွေးစများရုတ်တရက် ရပ်တန့်သွားခဲ့ရတယ်။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်