အဖုထစ်လေးများ အပိုင်း(၁၁)



မောင်ဥာဏ်တို့နှစ်ယောက်မျော်လေဝေးလေအနေထားတွေများရောက်နေကြပြီလားလို့အတွေးတွေကိုယ်စီနဲ့ စီးကရက်ကိုသာအားပြုလို့ ဆက်စောင့်ကြပါတယ်။ အချိန်တွေကတော့ အတော်ကိုလွန်နေပါပြီ။ အားနွဲ့နေသူ တွေမို့လားမသိ။ ဒီနေ့အတွက်နေ့တာပိုရှည်နေတယ်လို့တွက်မိလေရဲ့။

အ၀ါရောင်၊အနီရောင်မြင်တိုင်း မောင်ဥာဏ်တို့သူငယ်ချင်းတစုလို့အထင်နဲ့ ငေးငေးကြည့်နေရတာလဲ အမောပေါ့။ ဒုတိယသတင်းဖြစ်တဲ့ ရနောင်းက မြို့နယ်ဆရာတော်ကြီးကလဲ လိုက်လာတယ်ဆိုလို့ တဘက်ကမျော်လင့်လိုက်ရသေး။ ပြီးတော့ ရနောင်းမြို့နယ်ဆရာတော်ကြီး၏ ငယ်ပေါင်းကြီးဖော်ဆရာတော်ကလဲ မောင်ဥာဏ်တို့ရောက်နေတဲ့ ဆေးရုံတည်ရှိရာ၏ မြို့နယ်အကြီးဆုံးဆရာတော်ကြီးဆိုတာကလဲ နားထဲမှာ မကြာမကြာ ကြားရောင်နေရတယ်လေ။ သူက ထိုင်းလူမျိုးဆရာတော်ကြီးဆိုတော့ ဘယ်အချိန်ဘယ်နားကများလာပြီး သတင်းစကားမေးမလဲပေါ့။ မျော်လင့်ချက်တွေကတော့ ဘာတခုမှ ဖြစ်မလာသေးပေါ့။

မောင်ဥာဏ်တို့နှစ်ယောက်လဲ ဖုန်းဆက်တိုင်းကမပြေ၊ လူကိုလှန်းကြည့်တော့လဲ မတွေ့ရသေးဆိုတော့ မနီးမဝေးမှာ ကျန်းမရေးလေ့ကျင့်နေကြတဲ့ အီစန်လူမျိုးအဖွားကြီးတသိုက်ကိုပင် ကြည့်ရင်း ဟာသတွေဖောက်နေလိုက်ရပေါ့။ စိတ်ထဲမှာမျော်လင့်နေတဲ့ အရိပ်ရောင်တွေကတော့ ပြောက်လွင့်မသွားကြပါ။ လာတော့မယ်ထင်တယ်။ လာတော့မယ်ထင်တယ်ဆိုတဲ့စကားကိုဘဲ တယောက်တလဲပြောရင်း အားတင်းနေရပေါ့။ အားသာတင်းနေရတယ် အချိန်ကတော့ ၃ ချက်တီးဖို့ပင်စိုင်းပြင်းနေပြီလေ။

အတွေးတွေကိုယ်စီနဲ့ရင်ဆိုင်စောင့်နေရချိန်မှာဘဲ ဆေးရုံကားရပ်သည့် ဆင်ဝင်အောက်သို့ တောင်းအစ်ကား ခဲရောင်တစီးဝင်ရပ်လိုက်တာကို မောင်ဥာဏ် မျက်ခြေမပြတ်သတိထားမိလိုက်တယ်။ ဟာ ဆရာ ၊သူတို့ရောက်ပြီဗျာ။ သေချာတယ်။ သွားစို့သွားစို့လို့မောင်ဥာဏ်ပြောလိုက်ချိန်မှာဘဲ နှစ်ယောက်သား မတ်တပ်ရပ်ရင်း ခြေလှမ်းတွေစတင်ပြီးသားဖြစ်သွားပါတော့တယ်။ အားမာန်အပြည့်နဲ့ ချိတ်ချိတ်တောက်ပူနေတဲ့လေဟာပြင်နေပူကွင်းကြီး ပင် အေးသွားလေပြီလားလို့ထင်လိုက်၊ခံစားလိုက်ရပါတယ်ဗျာ။

သူတို့လဲ မောင်ဥာဏ်တို့ကိုမြင်ရချိန်မှာတော့ အပြုံးတွေကထင်သလောက်မတောက်ပသေးပါ။ ဟုတ်ပါတယ်။ဘယ်လိုအခြေနေဆိုတာမသိရသေးတော့၊ဘာတွေများဖြစ်နေမလဲဆိုတဲ့အတွေးကြောင့် မပျော်နိုင်ကြတာပါ။ မောင်ဥာဏ်တို့လဲ ပတ်တီးကိုယ်စီနဲ့ဆိုတော့ သူတို့မပြုံးနိုင်တာ နားလည်လိုက်မိတယ်။ အားလုံးအိုကေကြောင်း။ သိပ်ထိခိုက်မှုမရှိကြောင်း၊ ဦးကော တစ်ယောက်တော့ ငါးထပ်မှာအတွင်းလူနာအဖြစ်ကုသနေရကြောင်း၊ဆီးလမ်းကြောင်း မှာသွေးအနည်းငယ်ဆင်းနေတာလောက်သာသိရကြောင်းပြောပြောဆိုဆိုအားရ၀မ်းသာနဲ့ ဆုံလိုက်ရတော့တယ်။ မောင်ဥာဏ်တို့ကတော့ အပြင်လူနာဆိုတော့ ဆေးရုံပန်းခြံသာ နားခိုရာဖြစ်နေကြောင်းလဲ ထည့်ပြောလိုက်ရသေးပေါ့။

သူငယ်ချင်းတွေလဲ အားငယ်စရာမလိုကြောင်းပြောဆိုရင်း တချို့က ဦးကောဆီသွားကြ၊တချို့က မောင်ဥာဏ်တို့အနားမှာ ၀န်းရံကြနဲ့ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ပံ့ပိုးဖေးမမှုကား မောင်ဥာဏ်တို့နှစ်လုံးသားကိုလှုပ်ခါပြီး ပြောလိုက်သလိုခံစားလိုက်ရပါတယ်။ အားလုံးနဲ့တွေ့ပြီးချိန်မှာ ကားပေါ်က နောက်ဆုံးဆင်းလာသူတွေကတော့ ဓါတ်ပုံထဲမှာဖော်ပြခဲ့တဲ့ ဘန်ကောက်က မသန္တာနဲ့မညိုတို့ နှစ်ယောက်ပေါ့။ မသန္တာတို့ မျက်နှာကိုမြင်လိုက်ရတော့ ဟာ လိုက်လာတယ်ဆိုတဲ့စကားတခွန်းသာပြောနိုင်ပြီး ဘာကိုမျှခွန်းတုန့်မပြန်နိုင်တော့ပါ။ မောင်ဥာဏ်အတွက်ကား ပြည့်စုံသည်ထက်ပြီးစုံသွားပြီလို့ပြောလိုက်ရင် ရိုင်းသွားလေမလားမသိ။ ဘန်ကောက်ဆိုတဲ့တိုင်းတပါးမှာနေရတဲ့ကာလတ လျောက်လုံး မိခင်ရင်းပမာ မောင်ဥာဏ့်အနားမှာရှိနေခဲ့သူကိုလက်ညိုးညွန်ပြပါဆိုရင် သူတို့မိသားစုကို မောင်ဥာဏ်ပြရပေ မည်။ ဒီထက်ပိုပြီးမောင်ဥာဏ်မပြောလိုတော့ပါ။

ကျောင်းသားအဖွဲ့ဥက္ကဌဆရာတော်အပါဝင် သူငယ်ချင်းများနဲ့စကားစမြည်ပြောနေရင်းမှာ မသန္တာတို့သည် ထမင်းသွားဝယ် ဖို့ပြင်ဆင်နေပြီကော။ ဟုတ်ပါတယ်။ မောင်ဥာဏ်တို့ထမင်း မစားရသေးတာရယ်။ ဖိနပ်မပါဘဲ လမ်းလျောက်လာတာရယ် သူတို့သိလေပြီပေါ့။ မိခင်မေတ္တာပမာ မောင်ဥာဏ့်အပေါ်မှာရှိနေတယ်ဆိုတာ မောင်ဥာဏ်ပြောဖြဖို့ပင်လိုအပ်လိမ့်မယ်မ ထင်ပါဘူး။(သူတို့က မောင်ဥာဏ်မျက်နှာကိုမြင်တာနဲ့ မောင်ဥာဏ်သဘောဘယ်လိုဆိုတာ မောင်ဥာဏ်သာသိနိုင်ပါလိမ့်မယ်။) ပြောပြောဆိုဆိုနဲ့ သူတို့ရယ်၊မောင်ဥာဏ်အရင်းနှီးဆုံးမိတ်ဆွေတယောက်ရယ်ထမင်း သွားဝယ်ကြ။ မောင်ဥာဏ်တို့နှစ်ယောက်လဲ မနေ့တည်းက မဆန့်ရသေးတဲ့ခါးတွေကို ဆန့်ပြီးနေနိုင်ဖို့ တောင်းအစ်ကားလေးဆီသို့သွားကြ၊ အချို့ကျောင်းသားရဟန်းတော်များကလဲဦးကောဆီသွားကြနဲ့ တပြိုင်တည်းဇာတ် တိုက်ထားသလားပင်ထင်ရတော့သည်။ ဆေးရုံဝန်းကျင်တခုလုံးလည်း မြန်မာသံတွေကိုလွမ်းသွားတာပါဘဲ။

မောင်ဥာဏ်တို့နှစ်ယောက်ကားလေးပေါ်မှာ ခါးဆန့်နေခိုက် ဆယ့်ငါးမီးနစ်ခန့်ကြာသော် ထမင်းကြော်၊ဟင်းကြော်ထုပ်ကိုယ် စီနဲ့ ဈေးထဲကပြန်လာကြပါတယ်။ မောင်ဥာဏ်တို့လဲ ပီတိတွေရဲ့လွမ်းခြုံမှုကြောင့်ကောင်းကောင်းပင်မစားနိုင်ကြပါ။ တထုပ် စီသာ အားပေးလိုက်နိုင်ကြတယ်။ မနက်ပိုင်းက ဒီနတ်သုဒ္ဓါတွေ ဘယ်ရောက်နေပါလိမ့် လို့ပင် အောင်းမေ့လိုက်ရသေး။ နှစ် တွေအတန်ကြာမှပြန်ဆုံရတဲ့သူတွေပင် ဒီလောက်ထိပျော်ရွင်တဲ့မျက်နှာကိုခံစားနိုင်ကြမှာဟုတ်ဖူးလို့ထင်ပါသည်။ စောစောပိုင်းက အမှတ်ရလာလိုက်တဲ့ မရဏာနုဿတိကမ္မဌာန်းတွေပင် ပြောက်လုနီးပါးပေါ့။

အားလုံးပြန်ဆုံလိုက်တဲ့အချိန်မှာတော့ မောင်ဥာဏ်တို့လဲ ကိုယ်ကြုံခဲ့ရတဲ့အခြေနေများကိုပြောပြ၊ ကျောင်းသားအဖွဲ့တွေက လည်း ဘာတွေဆက်လုပ်သင့်တယ်ဆိုတာ စဉ်းစားကြနဲ့ ပြုံးချီတခါမဲ့ချီတလှည့်နဲ့ဘဝရဲ့မှတ်တိုင်လေးတွေကတော့ ဘယ်လောက်ထိများ ခါးသီးနေဦးမယ်မသိ။ လတ်တလောတော့ အဖုထစ်လေးတွေက ပြေပြောက်တော့မည့်ရောင်ရောင် မှတ်ထင်လာ တော့တယ်။
0 Responses

    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
    ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ ဂန့်ဂေါ
    ကောင်းသတင်းများ ဖိနပ်စီးနေချိန်မှာ မကောင်းသတင်းများက ကမ္ဘာပတ်နေပြီ။
    ပြဿနာအခက်ခဲအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ၊ ဖောက်ထွက်ဖို့သာ စဉ်းစားစေချင်ပါတယ်။ ဆရာ ဦးဝင်းတင်