|
ထိုင်းနိုင်ငံသည် မိမိတို့ မြန်မာနိုင်ငံ အနီးတွင်ရှိနေသော နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ်သည်။ အမိမြန်မာနိုင်ငံနှင့်နီးသည် အလျှောက် မြန်မာလူမျိုးများ၊ မြန်မာပြည်နှင့်ပတ်သက်ဆက်နွယ်နေသော အသင်းအဖွဲ့ များ ရှင်သန်ရာအနီးကပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်မှာလဲ ငြင်းဖွယ်မရှိပါ။ မြန်မာအလုပ်သမားများ ၊ အသင်းအဖွဲ့ များ တည်ရှိုနေသည်ကို စာရေးသူ နှစ်အတန်ကြာကပင် တဆင့်စကားဖြင့်သော်လည်းကောင်း၊မီဒီယာသတင်းများကသော်လည်းကောင်း ကြားခဲ့ဖူးပါသည်။ သို့ သော် မြန်မာအလုပ်သမားဆိုသည်ကိုတော့ စာရေးသူ ကောင်းကောင်းမစဉ်းစားမိခဲ့သလောက်၊ ခက်ခက်ခဲခဲလည်း မတွေးတောမိသည်မှာ အမှန်ပင်ဖြစ်သည်။
အလုပ်သမားသည် ဘ၀တခုပြေလည်သင့်သလောက်ပြေလည်ရန်၊ အများနည်းတူ နေထိုင် သုံးစွဲနိုင်ရန် အတွက်တနယ်တပြည်မှာအလုပ်လာလုပ်သည်ဆိုတာလောက်နှင့်ပင် အတွေးရပ်တန့် ခဲ့သည်။စာရေးသူ စဉ်းစားရင်း ရေးရေးမျှ သဘောမပေါ်လွင်ခဲ့သည်ကတော့ အသင်းအဖွဲ့ များအများစုတည်ရှိရာဆိုသည်ပင်ဖြစ်သည်။ အခုတော့ စာရေးသူ ကိုယ်တိုင် ဤမြေ ဤရေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်မှာ သုံးနှစ်ဝန်းကျင် ရှိလာပေါ။ စာရေးသူ သည် ပညာရေး အတွက်တစွန်းတစဦးတည်ချက်ဖြင့်ရောက်လာခဲ့ရာ နိုင်ငံရပ်ခြား ပညာရေး များ ဆိုသည့်အတွေးတခု အသိတခုပင် ထပ်တိုးလာရခဲ့ပြီလေ။ ဒါကြောင့်လဲ ပညာရေးအဖွဲ့ ၊ နိုင်ငံရေးအဖွဲ့ ၊ကူညိရေးအဖွဲ့ စသည်စသည် အသင်းအဖွဲ့ ဆိုသည်များနဲ့ မိတ်ဆက်မိလေရော ဆိုပါတော့ဗျာ၊။ မှန်ပါသည်ဟိုးယခင်က ကိုယ့်ရဲ့ အားနည်းမှူ့တခုကြောင့် အဖွဲ့ ဆိုတာတွေကိုနားမလည်နိုင်ခဲ့ပေမယ့်အခုချိန်မှာတော့ ပက်ပင်းတိုးတယ်ဘဲပြောပြော ကိုယ်တိုင်ပင် အသင်းသားတယောက်ဖြစ်လာရော့ပေါ၊့ အဖွဲ့ စတင်လာချိန်ကစလို့ တွက်စစ်ရသော် နှစ်ပင်မပေါက်သေးပါ။ပြဿနာရေးရယ်စေတနာရေးရယ် ၊လူမှူ့ရေးရယ် ၊ တိုးတက်ဖို့ ရေးရယ် ဆိုတာတွေက မကြာမကြာအစည်းဝေးခေါ်ကိန်းကို အားပေးအားမြှောက်ဖြစ်လာစေတော့တာပေါ။ ဒီလိုနဲ့ သတင်းလေး၊သီချင်းလေး နားဆင်နေခိုက်မှာဘဲ ဖွင့်လက်စ ကွန်ပြူတာလေး က စာတန်းငယ်တစောင်က ဖိတ်ခေါ်လိုက်ပါတော့တယ်၊။မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့  အစည်းဝေးဖိတ်ခေါ်ခြင်း ဆိုတဲ့ မေလ်းစာခေါင်းစည်းလေးနဲ့  လာနေကြအတိုင်းဘဲပေါ့။ အတွင်းပိုင်းစာသားအချို့ ကတော့ ကျောင်းသားများ၏ ဘလော့စည်းကမ်းဖောက်ဖျက်ခြင်းနဲ့ သံရုံးသတင်း မကြေမှူလို့ သုံးသပ်လိုက်မိတော့တယ်။ ဘလော့ဟူရာဝယ်ကျောင်းသားများက အသင်းအဖွဲ့ တခုအတွက် အင်တာနက်ခေတ်ကြီးထဲမှာ အလိုအပ်ဆုံးသဘောဖြင့်အများပိုင်ဖန်တိးထားသော၊ ကျောင်းသားများ၏ ဦးနှောက်သွေးရာ ပညာဗိမာန်တခုဖြစ်ပါသည်။သံရုံးကတော့ မိမိတို့ အခွန်ပေးဆပ်နေကြ စစ်အစိုးရ၏ ကလားဖန်ထိုးရာ ရုံးတခုပေါ့။ ဖြေရှင်း ဆန္ဒထုတ်ဖော်ပြကြမယ့် အကြောင်းရာတွေကတော့ ဒီအကြောင်းနှစ်ခုပါဘဲ။ စာရေးသူစိတ်ဝင်စားလိုက်တာက ဘလော့စည်းကမ်းဖောက်ဖျက်မှူ့ ဆိုတဲ့အကြောင်းပေါ့။ချက်ချင်းဆိုသလို ကျောင်းသားဘလော့လေးကို ဖွင့်ကြည့်လိုက်မိတော့တယ်။အင်း ပြဿနာတော့ဖြစ်ပြီ၊ စီပေါက်ကိုလဲ ကြည့်၊ မိန်းဘလော့ကိုဖတ်၊ တက်တက်မျှမကျန်အောင် သောင်းကျန်းထားလိုက်တာ၊ စလိုက်ကတည်းက မအေ ကစတယ်၊။ ကဲ ကောင်းကြသေးရဲ့ လား။ လေလိုင်းခေတ်ကြီးမှာ အလွတ်တမ်း၊ မနားတမ်း အားပြိုင်နေသည့်အလား ကဲတယ်ဘဲပြောမလား၊ ဆဲတယ်ဘဲပြောမလား၊ သေချာတာတော့ ရိုင်းနေကြတာပေါ့၊။ ပညာဗိမာန်လား ၊ ဝေဒနာဗိမာန်လား၊ စေတနာဗိမာန်လား၊ စစ်ကြေညာတဲ့ဗိမာန်လား ဝေခွဲမရဖြစ်သွားမိတယ်၊။ ဘလော့ကို ကိုင်တွယ်သည့်ကျောင်းသားကော်မတီများလဲ ဇယားရှုပ်၊ နိုင်င်ငံအသီးသီးက အွန်လိုင်းမိတ်ဆွေများလဲ မိမိတို့ ချိတ်ဆက်ထားတဲ့ဘလော့လင့်တွေကို ပြုတ်သိမ်း၊ အင်းတွေးကြည့်လေ ၊ရင်နာဖို့ ကောင်းလေပေါ့၊ လက်ဆုပ်လက်ကိုင်သာ မိလိုက်လို့ တော့ အသားစားတဲ့ ကျားထက်ပင် သတ္တိကောင်းလေမသိ၊။ စာရေးသူလဲ ထပ်တူခံစားရတယ်၊။ ဘလော့ရဲ့ သက်တမ်း၊ အဖွဲ့ ရဲ့ သက်တမ်းကို ပြန်စဉ်းစားကြည့်တော့ နို့စို့ အရွယ်ပင်ရှိနေသေးသည်။ အရွယ်မဆန့် အောင် လောကဓံကို ထုနှက်ခံလိုက်ရသည်။ အဲဒီခံစားချက်တခုနဲ့ ဖိတ်ခေါ်လိုက်တဲ့ အစည်းဝေးကို စာရေးသူ မပျက်တမ်းတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ပြဿနာရဲ့ ပင်မရေသောက်မြစ်ကိုလဲ တလှည့်စဉ်းစားရင်းပေါ့။ လမ်းစတော့တွေ့ ပါပြီ၊။အသင်းသားတွေ့ ရဲ့လောကကြားမှာလဲ ပြဿနာက ဘာကိုအခြေခံသလဲဆိုတဲ့ သဲ့သဲ့လေသံတွေက အပြင်လေတိုးမရတဲ့ အလောင်မြိုက်ဆုံး အခန်းကျဉ်းထဲကို တချက်တချက် ပဲ့တင်ထပ်လာခဲ့ခြင်းကြောင့်ပေါ့၊။ ပတ်ဝန်းကျင် အသင်းကောမတီဝင်တွေကို အလှည့်ပေးပြီးမြင်ကြည့်တော့လဲ ငါးမွေထိုးအလား လူးလားလွန့် လို့ ။ ပြဿနာရဲ့ အခြေခံကိုမူတည်ပြီး အစည်းဝေးကိုလှမ်းကြည့်လိုက်ပြန်တော့လဲ အားတက်မှူ့ ရော့သယောင်ယောင်ဆိုတဲ့ ခံစားချက်အတွေးတခုက ခေါင်းထဲ ကို လန့် နိုးစေခဲ့ပြန်ရော။ ဘာကြောင့်လဲဆိုတော့ အကြောင်းနှစ်ခုထဲက သံရုံး ဆိုတဲ့ ခါးသီးရိပ်ကလွှမ်းမိုးလာခဲ့တယ်လေ။ စာရေးသူသည် ဒီနေရာကို မိတ်ဆွေထက်ပင် ပို၍အရောက်ပေါက်များကောင်းများပါလိမ့်မည်။သို့ သော်ဘာကြောင့်ခါးသီးရိပ်လို့ ခံယူခဲ့သလဲ။ ရူးနေသလားလို့ ပင် အသိဆိုးတွေဝင်လာမိတယ်။ လွန်လာပြိးချိန်၊ ပညာဗိမာန်လေး မတည်ဆောက်ခင်ကပင် စာရေးသူဆုံးဖြတ်ချက်ချခဲ့ဖူးသည်။ ငါသည် ကင်းလို့ ရနိုင်သမျှ ဤနေရာကို ကင်းနေမည် လို့ ခံယူထားတဲ့ရင်တွင်းက ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ဘယ်သူတဦးတယောက်ကမှ တိုက်တွန်းခြင်းမဟုတ်ခဲ့။ ပယောဂ ကြောင့်ဆို ပိုဝေးသေး။ ဒွိဟစိတ်နဲ့ အစည်းဝေးကို တက်ရနိုးနိုး၊ ပျက်ရနိုးနိုး လွန်ဆွဲနေခိုက်မှာဘဲ ထိုင်းနိုင်ငံမှာ အသင်းတွေများတယ်။ အဖွဲ့ စည်းတွေများတယ်။ ဗလောင်းဗလဲတွေများတယ်။ နှစ်ဖက်ရ အာမန္တာဝိဘင်းတွေများတယ်။ ခေတ်ကောင်းနေချိန်တမျိုး၊ ခေတ်ပျက်လာရင်တမျိုး၊ လူတွေကတမျိုး၊ မီဒီယာကတမျိုး၊ အီကြာကတမျိုးလို့ အတိက်က တဆင့်စကားကြားဖူးတာတွေကို မြင်ရောင်စဉ်းစားနေမိလိုက်သေးတယ်။ အသင်းရည်ရွယ်ချက်တို့ ။တိုးတက်ဖို့ တို့ ။နောက်နောင်မှာ သာသနာတော်အတွက် အထောက်ကူဖြစ်ဖို့ တို့ ဆိုတာတွေလဲ ခေါင်းထဲဝင်လာသေး။ ကြောင်လို ကြွက်လိုလို၊ ကြောင်ရော၊ကြွက်ရော တစ်ကောင်မှ မထူးဘူးဆိုတာလဲ သတိထားလိုက်သေး။ နေ၀င်ချိန်တမျိုး၊ နေသာချိန်တမျိုး၊ဆိုတာလဲ မြင်လိုက်သေး။ အတွေးတွေဗလ၀ ဈာန်ဝင်နေချိန်မှာ ထူးထူးခြားခြား အားထားလိုက်မိတာတော့ နိုင်ငံရေးနဲ့ ပတ်သက်သော အပြောအဆို၊ အသွားအလာ၊ အနေအထိုင်ကင်းရှင်းသည့် ကျောင်းသား ဘလော့က အများဆိုင်စည်းကမ်း လေးပါဘဲ။ ကျောင်းသားဘလော့က နိုင်ငံရေး ကင်းရှင်းတယ်လို့ တရားဝင်ကြေညာထားတယ်လေ။ စည်းကမ်းလေးရဲ့ တန်ဖိုးကြောင့် စာရေးသူလဲ ကျောင်းသားများညီညွတ်ရေး၊ တိုးတက်ရေး တွေကို အာသာဆန္ဒပြင်းပျသူတယောက်ဆိုတော့ အစည်းဝေးကို တက်ရောက်ဖို့ ဒွိဟစိတ်တွေကြားထဲက ဆုံးဖြတ်လိုက်တယ်။ အတိက်ဆီက ဆုံးဖြတ်ထားတဲ့ ငါသည် စစ်အစိုးရနဲ့ ကင်းနိုင်သမျှ ကင်းမယ် လို့ ယတိပြတ် ခံယူချက်ကိုတော့ ဘယ်တော့မှ မပျက်စေရဘူးဆိုတဲ့ဆုံးဖြတ်ထားမှူကိုလဲ အခိုင်မာတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ဘဲ အစည်းဝေးကျင်းပနေချိန်မှာ စာရေးသူဟာ အသင်းအဖွဲ့ အတွက် အခြားသော စည်းကမ်းပိုင်းဆိုရာ ပြင်ဆင်မှု၊ ဖြည့်စွက်မှု၊ အများသဘောတူ တင်ပြမှူတို့ သဘောတူညီကြောင်း လက်ခုပ်သြဘာပေးရင်း သံရုံးနဲ့ ဆက်လက်ပြီး ဒွန်တွဲနေမှု့ ၊ အဖွဲ့ အနေဖြင့် အ၀င်အထွက် ၊အပေးအယူ၊ အသွားအလာမှန်သမျှကို လားလားမျှသဘောမတူ၊ ကန့် ကွက်ကြောင်း အဆိုတင်သွင်းနိုင်ခဲ့ပါတော့သည်။ ထိုနေ့ အစည်းဝေးသည် ကျောင်းသားအများစု၏ စာပေသင်ကြားခြင်း စသော ထွေထွေကိစ္စရပ်များကြောင့် အတည်ပြုဆုံးဖြတ်ခြင်း မပြုလုပ်နိုင်ခဲ့ပါ။ လာမည့် ၆ ရက်၊ မာခ်ျလ၊ ၂၀၁၀၊စနေနေ့ တွင် ထပ်မံ၍ တောင်းဆိုချက်များကို အတည်ပြုနိုင်ရန် ဖိတ်ခေါ်ထားကြောင်းတင်ပြလိုက်ပါသည်။စာရေးသူ၏ ကန့် ကွက်ချက်ကိုလဲ ထိုနေ့ တွင် အောင်မြင်၊ မအောင်မြင် အဖြေထွက်ပါလိမ့်မည်။ အစည်းဝေးပြီးဆုံးချိန်တွင် နောက်ထပ်ခံစားမှုဖြစ်ရပ်များကို ဆက်လက်တင်ပြသွားပါမည်။

